
0
1800



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရနဲ့ သတင်းမီဒီယာတွေအကြား ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို တည်ဆောက်နေ

အစိုးရနဲ့ သတင်းမီဒီယာတွေအကြား ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို တည်ဆောက်နေ တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က လွှတ်တော်အစည်းအဝေးကို လာရောက်စဉ် သတင်းထောက်တွေရဲ့ မေးမြန်းကို ဦးအောင်လှထွန်းက ပြောကြားခဲ့တာပါ။ အဲ့ဒီလိုပြောကြားရာမှာတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာအတော်များများ Access To Information အားနည်းတာကြောင့် ဖြစ်ပေါ်နေရတာဖြစ်ပြီး နောက်ပိုင်းတွေမှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းကို အမြဲတမ်းပြန်လည်ဖြေဆိုပေးနိုင်မယ့် ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တည်ဆောက် အကောင်အထည်ဖော်ပေးသွားဖို့ ရှိနေတာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)