
0
2245




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်မှာ ဆုံဆို့နာ ဖြစ်ပွားမှု ၃ လထဲ ရောက်ရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆုံဆို့နာ ဖြစ်ပွားမှုကို အမြစ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် ကောက်ဘဇားရှိ လူနေထူထပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ဆုံဆို့နာ ဖြစ်ပွားနေတာ ၃ လထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဘင်္ဂါလီ မွတ်စလင်တွေရဲ့ ဒုက္ခသည်စခန်းတွေမှာ ဆုံဆို့နာ ဖြစ်ပွားမှုဟာ ၂၀၁၇ နိုဝင်ဘာလမှာ စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရောဂါဖြစ်ပွားသူ ၂၅၂၆ ဦး ရှိပါတယ်။ ဆုံဆို့နာကြောင့် သေဆုံးသူ ၂၇ ဦး ရှိပါတယ်။

အာဟာရ မပြည့်ဝတာ၊ ရေသန့် မရရှိတာ၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာတွေကြောင့် ဆုံဆို့နာလို ရောဂါဟာ ဒုက္ခသည်စခန်းမှာ ကူးစက်လွယ်နေပါတယ်။ ဆုံဆို့နာ ရောဂါဟာ အသက်အရွယ်မရွေး၊  ကျား/မ မရွေး ဖြစ်ပွားတတ်ပြီး ကာကွယ်ဆေး ထိုးမထားတဲ့ ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)