ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္မႈေတြက လိင္ပညာေပး လုပ္ဖို႔လိုေၾကာင္း ညႊန္ျပေန

0
2178

ျမန္မာႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ တစ္ႏွစ္ကို ျမန္မာမိန္းကေလးငယ္ ၅ ေသာင္းဟာ ဆယ္ေက်ာ္သက္ အရြယ္မွာ ကိုယ္ဝန္ေဆာင္ၿပီး ကေလးေမြးေနေၾကာင္း ေဖာ္ျပထားပါတယ္။

လိင္ပိုင္းဆိုင္ရာ ပညာေပးမႈေတြ လုပ္ဖို႔ ကုလသမဂၢ လူဦးေရ ရန္ပံုေငြအဖြဲ႔ (UNFPA) က တိုက္တြန္းထားၿပီး လိင္ပညာေပးေတြ ျပဳလုပ္ျခင္းအားျဖင့္ ငယ္ရြယ္သူေတြဟာ ကိုယ့္ရဲ႕ ခႏၶာကိုယ္နဲ႔ က်န္းမာေရးအေၾကာင္း သိရွိလာမွာျဖစ္ၿပီး လိင္ေၾကာင့္ ကူးစက္ႏိုင္တဲ့ ေရာဂါနဲ႔ မလိုခ်င္ဘဲ ကိုယ္ဝန္ရမႈမ်ိဳးေတြကို တားဆီးႏိုင္မွာ ျဖစ္ပါတယ္။

ခႏၶာကိုယ္နဲ႔ သူတို႔ ဘဝေတြအတြက္ လံုၿခံဳတဲ့ ေရြးခ်ယ္မႈေတြ လုပ္ႏိုင္ဖို႔ စိတ္ခံစားမႈ၊ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ လူမႈအျမင္ေတြကေန ရွင္းလင္းလြယ္ကူတဲ့ လိင္ပိုင္းဆိုင္ရာ ပညာေပးမႈေတြကို ကေလးေတြနဲ႔ ငယ္ရြယ္သူေတြကို သင္ၾကားေပးဖို႔လိုတယ္လို႔ UNFPA ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ ဂ်နက္ ဂ်က္ဆင္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေက လိင်ပညာပေး လုပ်ဖို့လိုကြောင်း ညွှန်ပြနေ

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တစ်နှစ်ကို မြန်မာမိန်းကလေးငယ် ၅ သောင်းဟာ ဆယ်ကျော်သက် အရွယ်မှာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးနေကြောင်း ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က တိုက်တွန်းထားပြီး လိင်ပညာပေးတွေ ပြုလုပ်ခြင်းအားဖြင့် ငယ်ရွယ်သူတွေဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအကြောင်း သိရှိလာမှာဖြစ်ပြီး လိင်ကြောင့် ကူးစက်နိုင်တဲ့ ရောဂါနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ရမှုမျိုးတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်နဲ့ သူတို့ ဘဝတွေအတွက် လုံခြုံတဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ဖို့ စိတ်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုအမြင်တွေကနေ ရှင်းလင်းလွယ်ကူတဲ့ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေကို ကလေးတွေနဲ့ ငယ်ရွယ်သူတွေကို သင်ကြားပေးဖို့လိုတယ်လို့ UNFPA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျနက် ဂျက်ဆင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)