ဘဏ္လုပ္ငန္းက႑ ပူးေပါင္းေဆာင္ရြက္ေရး ျမန္မာနဲ႔ ဂ်ပန္ နားလည္မႈ စာခြ်န္လႊာ လက္မွတ္ထိုး

0
2116

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္နဲ႔ ဂ်ပန္ႏိုင္ငံ ေငြေရးေၾကးေရး ႀကီးၾကပ္စစ္ေဆးေရး အဖြဲ႔တို႔ အၾကား ဘဏ္လုပ္ငန္းက႑ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ နားလည္မႈ စာခြ်န္လႊာ လက္မွတ္ေရးထိုးပြဲကို မေန႔က ဇန္နဝါရီ ၂၅ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပပါတယ္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒၊ ဒုတိယ ဥကၠ႒ေတြနဲ႔ ဂ်ပန္ႏိုင္ငံ ေငြေရး ေၾကးေရးက႑ဆိုင္ရာ ပါလီမန္ ဒုတိယ ဝန္ႀကီး မစၥတာ ဟီေဒကီ မူရာအီ၊ ဂ်ပန္သံ႐ံုး ဒုတိယ အႀကီးအကဲတို႔ တက္ေရာက္ခဲ့ၾကပါတယ္။

နားလည္မႈ စာခြ်န္လႊာအရ ႏွစ္ဖက္ အဖြဲ႔အစည္းေတြ အၾကား ႏိုင္ငံျခားဘဏ္ခြဲေတြနဲ႔ ေငြေရးေၾကးေရး ကုမၸဏီေတြကို ႀကီးၾကပ္စစ္ေဆးတာ အပါအဝင္ အေတြ႔အႀကံဳနဲ႔ ကြ်မ္းက်င္မႈ အျပန္အလွန္ ဖလွယ္ေရးနဲ႔ သင္တန္းေတြ ဖြင့္လွစ္ျခင္း စတဲ့ ပူးေပါင္း ေဆာင္ရြက္မႈကို ျမွင့္တင္ႏိုင္မွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ႏိုင္ငံျခားဘဏ္ ၁၃ ဘဏ္ကို ၂၀၁၅ ခုႏွစ္ကစၿပီး ျပည္တြင္းမွာ ဘဏ္ခြဲ ဖြင့္လွစ္ခြင့္ျပဳခဲ့ရာ ဂ်ပန္ႏိုင္ငံက ဘဏ္ ၃ ဘဏ္လည္း ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး မြန်မာနဲ့ ဂျပန် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ဂျပန်နိုင်ငံ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး အဖွဲ့တို့ အကြား ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို မနေ့က ဇန်နဝါရီ ၂၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတွေနဲ့ ဂျပန်နိုင်ငံ ငွေရေး ကြေးရေးကဏ္ဍဆိုင်ရာ ပါလီမန် ဒုတိယ ဝန်ကြီး မစ္စတာ ဟီဒေကီ မူရာအီ၊ ဂျပန်သံရုံး ဒုတိယ အကြီးအကဲတို့ တက်ရောက်ခဲ့ကြပါတယ်။

နားလည်မှု စာချွန်လွှာအရ နှစ်ဖက် အဖွဲ့အစည်းတွေ အကြား နိုင်ငံခြားဘဏ်ခွဲတွေနဲ့ ငွေရေးကြေးရေး ကုမ္ပဏီတွေကို ကြီးကြပ်စစ်ဆေးတာ အပါအဝင် အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု အပြန်အလှန် ဖလှယ်ရေးနဲ့ သင်တန်းတွေ ဖွင့်လှစ်ခြင်း စတဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၁၃ ဘဏ်ကို ၂၀၁၅ ခုနှစ်ကစပြီး ပြည်တွင်းမှာ ဘဏ်ခွဲ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ဂျပန်နိုင်ငံက ဘဏ် ၃ ဘဏ်လည်း ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)