Grab နဲ႔ Essilor တို႔ ပူးေပါင္းၿပီး ယာဥ္ေမာင္းေတြ မ်က္စိက်န္းမာေရး ေစာင့္ေရွာက္ေပးမယ္

0
2153

မိုဘိုင္းေငြေပးေခ်မႈစနစ္ ၀န္ေဆာင္မႈလုပ္ငန္းတစ္ခုျဖစ္တဲ့ Grab တကၠစီ ဝန္ေဆာင္မႈနဲ႔ မ်က္စိက်န္းမာေရး စက္ကိရိယာေတြ ထုတ္လုပ္တဲ့ Essilor ကုမၸဏီတို႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံက Grab တကၠစီယာဥ္ေမာင္းေတြရဲ႕ မ်က္စိက်န္းမာေရးကို ေစာင့္ေရွာက္ေပးမွာ ျဖစ္ပါတယ္။

အခု အစီအစဥ္ဟာ အျမင္အာ႐ံု အားနည္းမႈေၾကာင့္ ျဖစ္လာႏိုင္တဲ့ ယာဥ္အႏၱရာယ္ ကင္းရွင္းေရး လုပ္ေဆာင္ေနတဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ႏိုင္ငံလံုးဆိုင္ရာ မ်က္စိက်န္းမာေရး စီမံကိန္း (NEPH) ကို ပံ့ပိုးကူညီေပးတဲ့ လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံဟာ Grab နဲ႔ Essilor တို႔ရဲ႕ မ်က္စိက်န္းမာေရး ထိန္းသိမ္းေစာင့္ေရွာက္မႈ အစီအစဥ္ကို စတင္မိတ္ဆက္တဲ့ ပထမဆံုး ေစ်းကြက္ျဖစ္ၿပီး အငွားယာဥ္ေမာင္း ၄၀၀ ဦးကို စမ္းသပ္စစ္ေဆးေပးခဲ့ၿပီး အျမင္အာ႐ံု စမ္းသပ္စစ္ေဆးတဲ့ အစီအစဥ္ကို လစဥ္ ရက္သတ္မွတ္ၿပီး ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။

တစ္ကမာၻလံုးအတိုင္းအတာနဲ႔ စစ္တမ္းေတြအရ ယာဥ္ေမာင္း ငါးဦးမွာ တစ္ဦးဟာ လမ္းေတြကို ရွင္းရွင္းလင္းလင္း မျမင္ေၾကာင္း၊ Grab နဲ႔ အခုလို ပူးေပါင္း ေဆာင္ရြက္တာဟာ ဒီျပႆနာကို အေရွ႕ေတာင္အာရွမွာ လူေတြ ပိုအာ႐ံုစိုက္လာေအာင္ လုပ္ဖို႔ အေရးႀကီးတဲ့ ေျခလွမ္းျဖစ္ေၾကာင္း Essilor ရဲ႕ တာဝန္ရွိသူတစ္ဦး ျဖစ္သူ ေဆာဂါတာ ဘန္နာဂ်ီးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Grab နဲ့ Essilor တို့ ပူးပေါင်းပြီး ယာဉ်မောင်းတွေ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးမယ်

မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Grab တက္ကစီ ဝန်ဆောင်မှုနဲ့ မျက်စိကျန်းမာရေး စက်ကိရိယာတွေ ထုတ်လုပ်တဲ့ Essilor ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက Grab တက္ကစီယာဉ်မောင်းတွေရဲ့ မျက်စိကျန်းမာရေးကို စောင့်ရှောက်ပေးမှာ ဖြစ်ပါတယ်။

အခု အစီအစဉ်ဟာ အမြင်အာရုံ အားနည်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုင်ငံလုံးဆိုင်ရာ မျက်စိကျန်းမာရေး စီမံကိန်း (NEPH) ကို ပံ့ပိုးကူညီပေးတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ Grab နဲ့ Essilor တို့ရဲ့ မျက်စိကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု အစီအစဉ်ကို စတင်မိတ်ဆက်တဲ့ ပထမဆုံး ဈေးကွက်ဖြစ်ပြီး အငှားယာဉ်မောင်း ၄၀ဝ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး အမြင်အာရုံ စမ်းသပ်စစ်ဆေးတဲ့ အစီအစဉ်ကို လစဉ် ရက်သတ်မှတ်ပြီး ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စစ်တမ်းတွေအရ ယာဉ်မောင်း ငါးဦးမှာ တစ်ဦးဟာ လမ်းတွေကို ရှင်းရှင်းလင်းလင်း မမြင်ကြောင်း၊ Grab နဲ့ အခုလို ပူးပေါင်း ဆောင်ရွက်တာဟာ ဒီပြဿနာကို အရှေ့တောင်အာရှမှာ လူတွေ ပိုအာရုံစိုက်လာအောင် လုပ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်ကြောင်း Essilor ရဲ့ တာဝန်ရှိသူတစ်ဦး ဖြစ်သူ ဆောဂါတာ ဘန်နာဂျီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)