ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္မွာ မီးေလာင္မႈ သိန္း ၂၆၀ ဖိုးခန္႔ ဆံုး႐ံႈး

0
2054

ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္၊ ဒဂံုၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္၊ ရတနာအိမ္ရာရွိ သံုးထပ္ အေဆာက္အအံု မီးေလာင္ကြ်မ္းမႈ မေန႔က ဇန္နဝါရီလ ၂၅ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၁၅ မိနစ္မွာ ျဖစ္ပြားခဲ့ၿပီး ေငြက်ပ္ သိန္း ၂၆၀ ဖိုးခန္႔ ဆံုး႐ံႈးခဲ့ပါတယ္။

အေဆာက္အအံုပိုင္ရွင္က ဦးဝင္းေမာင္ျဖစ္ၿပီး မီးတိပ္ေခြ အမ်ိဳးမ်ိဳးနဲ႔ တျခားပစၥည္းေတြ သိုေလွာင္တဲ့ အေဆာက္အအံု ျဖစ္ၿပီး မီးေလာင္ခ်ိန္မွာ အေစာင့္တစ္ဦးတည္းသာ ရွိေနပါတယ္။

မီးသတ္တပ္ဖြဲ႔က မီးသတ္ယာဥ္ အစီး ၃၀၊ ေရသယ္ယာဥ္ ၁၁ စီးတို႔နဲ႔ၿငွိမ္းသတ္ခဲ့ရာ မီးကို မြန္းလြဲ ၂ နာရီခြဲမွာ ထိန္းႏိုင္ခဲ့ၿပီး မီးသတ္တပ္ဖြဲ႔ဝင္ ကိုရန္ပိုင္ထြန္း ဒဏ္ရာ အနည္းငယ္ ရရွိခဲ့ပါတယ္။ လွ်ပ္စစ္ဝါယာ အပူလြန္ ေရွာ့ျဖစ္ကာ ေလာင္ကြ်မ္းျခင္းျဖစ္ၿပီး ဆံုး႐ံႈးမႈတန္ဖိုးက သိုေလွာင္ပစၥည္းနဲ႔ အေဆာက္အအံု ႏွစ္ရပ္ေပါင္း က်ပ္ သိန္း ၂၆၀ ခန္႔ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မီးလောင်မှု သိန်း ၂၆၀ ဖိုးခန့် ဆုံးရှုံး

ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ရတနာအိမ်ရာရှိ သုံးထပ် အဆောက်အအုံ မီးလောင်ကျွမ်းမှု မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၂၆၀ ဖိုးခန့် ဆုံးရှုံးခဲ့ပါတယ်။

အဆောက်အအုံပိုင်ရှင်က ဦးဝင်းမောင်ဖြစ်ပြီး မီးတိပ်ခွေ အမျိုးမျိုးနဲ့ တခြားပစ္စည်းတွေ သိုလှောင်တဲ့ အဆောက်အအုံ ဖြစ်ပြီး မီးလောင်ချိန်မှာ အစောင့်တစ်ဦးတည်းသာ ရှိနေပါတယ်။
မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် အစီး ၃၀၊ ရေသယ်ယာဉ် ၁၁ စီးတို့နဲ့ငြှိမ်းသတ်ခဲ့ရာ မီးကို မွန်းလွဲ ၂ နာရီခွဲမှာ ထိန်းနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ကိုရန်ပိုင်ထွန်း ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါတယ်။ လျှပ်စစ်ဝါယာ အပူလွန် ရှော့ဖြစ်ကာ လောင်ကျွမ်းခြင်းဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးက သိုလှောင်ပစ္စည်းနဲ့ အဆောက်အအုံ နှစ်ရပ်ပေါင်း ကျပ် သိန်း ၂၆၀ ခန့် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)