႐ံုတင္ဇာတ္ကားကို ေဖ့စ္ဘုတ္ကေန Live လႊင့္သူ အေရးယူခံရ

0
2218

႐ံုတင္ျပသေနဆဲျဖစ္တဲ့ “ႀကီးေလးႀကီး” ႐ုပ္ရွင္ဇာတ္ကားကို ေဖ့စ္ဘုတ္ လူမႈကြန္ရက္ကေန တစ္ဆင့္ ခြင့္ျပဳခ်က္မရွိဘဲ Live လႊင့္ျပသခဲ့သူကို ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဂ) နဲ႔ အေရးယူလိုက္ပါတယ္။

ဇန္နဝါရီလ ၂၄ ရက္ေန႔မွာ ႐ုပ္ရွင္ျဖန္႔ခ်ိေရး တာဝန္ခံ ကိုသန္းဦးက ေအာင္တိုင္းေက်ာ္ ႐ုပ္ရွင္ထုတ္လုပ္ေရး မန္ေနဂ်ာ ဦးရန္ႏိုင္ထြန္းထံ ဖုန္းဆက္ၿပီး ေရႊဗဟို ႐ုပ္ရွင္႐ံုမွာ ႐ံုတင္ျပသေနတဲ့ “ႀကီးေလးႀကီး” ႐ုပ္ရွင္ဇာတ္ကားကို ေဖ့စ္ဘုတ္မွာ Wai Linn Aung အေကာင့္နာမည္နဲ႔ Live လႊင့္ေနေၾကာင္း အေၾကာင္းၾကားခဲ့ပါတယ္။

ခြင့္ျပဳခ်က္မရွိဘဲ ကုမၸဏီရဲ႕ အက်ိဳးစီးပြား ပ်က္စီးေအာင္ ျပဳလုပ္သူကို အေရးယူေပးဖို႔ တိုင္တန္းခ်က္အရ Wai Linn Aung (စိစစ္ဆဲ) အေကာင့္ပိုင္ရွင္ကို တာေမြၿမိဳ႕မရဲစခန္းက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဂ) နဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုံတင်ဇာတ်ကားကို ဖေ့စ်ဘုတ်ကနေ Live လွှင့်သူ အရေးယူခံရ

ရုံတင်ပြသနေဆဲဖြစ်တဲ့ “ကြီးလေးကြီး” ရုပ်ရှင်ဇာတ်ကားကို ဖေ့စ်ဘုတ် လူမှုကွန်ရက်ကနေ တစ်ဆင့် ခွင့်ပြုချက်မရှိဘဲ Live လွှင့်ပြသခဲ့သူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ) နဲ့ အရေးယူလိုက်ပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ရုပ်ရှင်ဖြန့်ချိရေး တာဝန်ခံ ကိုသန်းဦးက အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေး မန်နေဂျာ ဦးရန်နိုင်ထွန်းထံ ဖုန်းဆက်ပြီး ရွှေဗဟို ရုပ်ရှင်ရုံမှာ ရုံတင်ပြသနေတဲ့ “ကြီးလေးကြီး” ရုပ်ရှင်ဇာတ်ကားကို ဖေ့စ်ဘုတ်မှာ Wai Linn Aung အကောင့်နာမည်နဲ့ Live လွှင့်နေကြောင်း အကြောင်းကြားခဲ့ပါတယ်။

ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီရဲ့ အကျိုးစီးပွား ပျက်စီးအောင် ပြုလုပ်သူကို အရေးယူပေးဖို့ တိုင်တန်းချက်အရ Wai Linn Aung (စိစစ်ဆဲ) အကောင့်ပိုင်ရှင်ကို တာမွေမြို့မရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)