ဗိုလ္ခ်ဳပ္ အတၳဳပၸတၱိ႐ုပ္ရွင္ မွတ္ေက်ာက္တင္ခံရတဲ့ ဇာတ္ကားျဖစ္ေရး တိုက္တြန္း

0
2244

အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရဲ႕ အတၳဳပၸတၱိ ႐ုပ္ရွင္ဇာတ္ကားႀကီးကို သားစဥ္ေျမးဆက္ မွတ္ေက်ာက္အတင္ခံရတဲ့ တင့္တင့္တယ္တယ္ ႐ုပ္ရွင္ဇာတ္ကားႀကီးအျဖစ္ ေပၚထြက္ေစေရးကို အားလံုးက ဝိုင္းဝန္းပူးေပါင္း ေဆာင္ရြက္ဖို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီး သူရဦးေအာင္ကိုက တိုက္တြန္းလိုက္ပါတယ္။

မေန႔က ဇန္နဝါရီ ၂၅ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ က်င္းပတဲ့ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း အတၳဳပၸတၱိ ႐ုပ္ရွင္႐ိုက္ကူးထုတ္လုပ္ေရး လုပ္ငန္းေကာ္မတီ အစည္းအေဝးမွာ ဝန္ႀကီး သူရဦးေအာင္ကိုက ေျပာသြားတာ ျဖစ္ပါတယ္။

႐ုပ္ရွင္႐ိုက္ကူးေရးအတြက္ လိုအပ္လာႏိုင္တဲ့ ဝန္ႀကီးဌာနဘက္က ပံ့ပိုးကူညီရမယ့္ အပိုင္းေတြကို ႀကိဳတင္ျပင္ဆင္ခ်ိန္ရဖို႔ တတ္ႏိုင္သမွ် ရွင္းလင္းေဆြးေႏြးေပးဖို႔လည္း ဝန္ႀကီး သူရဦးေအာင္ကိုက ေမတၱာရပ္ခံထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်ချုပ် အတ္ထုပ္ပတ္တိရုပ်ရှင် မှတ်ကျောက်တင်ခံရတဲ့ ဇာတ်ကားဖြစ်ရေး တိုက်တွန်း

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးကို သားစဉ်မြေးဆက် မှတ်ကျောက်အတင်ခံရတဲ့ တင့်တင့်တယ်တယ် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပေါ်ထွက်စေရေးကို အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက တိုက်တွန်းလိုက်ပါတယ်။

မနေ့က ဇန်နဝါရီ ၂၅ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ဝန်ကြီး သူရဦးအောင်ကိုက ပြောသွားတာ ဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးရေးအတွက် လိုအပ်လာနိုင်တဲ့ ဝန်ကြီးဌာနဘက်က ပံ့ပိုးကူညီရမယ့် အပိုင်းတွေကို ကြိုတင်ပြင်ဆင်ချိန်ရဖို့ တတ်နိုင်သမျှ ရှင်းလင်းဆွေးနွေးပေးဖို့လည်း ဝန်ကြီး သူရဦးအောင်ကိုက မေတ္တာရပ်ခံထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)