ရစ္ခ်တ္ဆန္က ပုဂၢလိက အက်ိဳးကို ေရွး႐ႈေဆာင္ရြက္လိုလို႔ ေကာ္မတီက ရပ္စဲေၾကာင္း ထုတ္ျပန္

0
2340

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ေကာ္မတီ အဖြဲ႔ဝင္ ဘီလ္ ရစ္ခ်တ္ဆန္ဟာ သူ႔ရဲ႕ ပုဂၢလိက အက်ိဳးကို ေရွး႐ႈေဆာင္ရြက္လိုတာ ထင္ရွားတဲ့အတြက္ ေကာ္မတီအဖြဲ႔ဝင္ကေန ရပ္စဲလိုက္ေၾကာင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ံုး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပး ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြကို အေကာင္အထည္ေဖာ္ရာမွာ ပကတိ ေျမျပင္အေျခအေနနဲ႔ ေလ်ာ္ညီစြာ တတ္ႏိုင္သမွ် အတိုေတာင္းဆံုး အခ်ိန္အတြင္း အေကာင္အထည္ ေဖာ္ေနေၾကာင္း၊ မစၥတာ ရစ္ခ်တ္ဆန္နဲ႔ မတူညီတဲ့ ခံယူခ်က္ေတြ ရွိတာေၾကာင့္ သူ႔ကို အႀကံေပးအဖြဲ႔မွာ ဆက္လက္ပါဝင္ေစျခင္းျဖင့္ သက္ဆိုင္သူေတြကို အက်ိဳးျပဳမွာ မဟုတ္လို႔ ရပ္စဲလိုက္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

နယူးမကၠဆီကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဘီလ္ ရစ္ခ်တ္ဆန္ကေတာ့ မေန႔က မီဒီယာေတြကို ေျဖၾကားရာမွာ ရခိုင္ျပည္နယ္ အေရး ျပႆနာကို မဖံုးဖိခ်င္တဲ့အတြက္ ႏုတ္ထြက္တာလို႔ ေျပာထားပါတယ္။ အဖမ္းခံထားရတဲ့ ႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကိစၥ ေျပာဆိုခဲ့ရာမွာလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မေျပမလည္ ျဖစ္ခဲ့တယ္လို႔လည္း မစၥတာ ရစ္ခ်တ္ဆန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရစ်ချတ်ဆန်က ပုဂ္ဂလိက အကျိုးကို ရှေးရှုဆောင်ရွက်လိုလို့ ကော်မတီက ရပ်စဲကြောင်း ထုတ်ပြန်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင် ဘီလ် ရစ်ချတ်ဆန်ဟာ သူ့ရဲ့ ပုဂ္ဂလိက အကျိုးကို ရှေးရှုဆောင်ရွက်လိုတာ ထင်ရှားတဲ့အတွက် ကော်မတီအဖွဲ့ဝင်ကနေ ရပ်စဲလိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ ပကတိ မြေပြင်အခြေအနေနဲ့ လျော်ညီစွာ တတ်နိုင်သမျှ အတိုတောင်းဆုံး အချိန်အတွင်း အကောင်အထည် ဖော်နေကြောင်း၊ မစ္စတာ ရစ်ချတ်ဆန်နဲ့ မတူညီတဲ့ ခံယူချက်တွေ ရှိတာကြောင့် သူ့ကို အကြံပေးအဖွဲ့မှာ ဆက်လက်ပါဝင်စေခြင်းဖြင့် သက်ဆိုင်သူတွေကို အကျိုးပြုမှာ မဟုတ်လို့ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ် ရစ်ချတ်ဆန်ကတော့ မနေ့က မီဒီယာတွေကို ဖြေကြားရာမှာ ရခိုင်ပြည်နယ် အရေး ပြဿနာကို မဖုံးဖိချင်တဲ့အတွက် နုတ်ထွက်တာလို့ ပြောထားပါတယ်။ အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကိစ္စ ပြောဆိုခဲ့ရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မပြေမလည် ဖြစ်ခဲ့တယ်လို့လည်း မစ္စတာ ရစ်ချတ်ဆန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)