ကြားဖြတ်ရွေးကောက်ပွဲမှာ မဲရုံပေါင်း ၂၀၀၀ ထားရှိသွားမယ်

0
353

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲရုံပေါင်း ၂၀၀၀ ထားရှိသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ပြီး အစိုးရအဖွဲ့ ဖွဲ့ပြီးနောက်မှာ လွှတ်တော်အသီးသီးမှာ လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေအတွက် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပသွားမှာပါ။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပြီး လာမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သုံးရပ်တို့မှာ လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁၉ နေရာရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကိုယ်စားပြုနဲ့ တစ်သီးပုဂ္ဂလိ ကိုယ်စားလှယ်လောင်း ၉၅ ဦး ရှိနေတာ ဖြစ်ပါတယ်။

အခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ ကြံ့ခိုင်ရေးအပါအဝင် ပါတီပေါင်း ၂၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ NLD ပါတီက ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅၅ ဦး အရွေးချယ်ခံရတဲ့အတွက် ၇၅ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၁၃၅ ဦး အရွေးချယ်ခံရတဲ့အတွက် ၈၀ ရာခိုင်နှုန်းနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ၄၇၅ ဦး အရွေးချယ်ခံရတဲ့အတွက် ၇၅.၇ ရာခိုင်နှုန်း စီရှိခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)