မန္တလေးမြို့က ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီးကို ပြင်ဆင်သွားမယ်

0
369

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ဇိဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီးကို ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

လက်ရှိမှာ ဆေးရံကို ပြင်ဆင်မှုတွေလုပ်ဖို့ ၁၅ ရက်ကြာ ယာယီပိတ်ထားပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတာလို့ မန္တလေးတိုင်းဒေသကြီး သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အောင်မြေသာစံမြို့နယ်မှာ ၆၂ လမ်း၊ ၁၃ × ၁၄ လမ်းကြားမှာရှိတဲ့ ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီး အစည်းအဝေးခန်းမမှာ ဒီကနေ့ နံနက် ၁၀ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုနဲ့ ဆေးရုံ အုပ်ချုပ်ရေး ဥပဋ္ဌာကအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ ဆေးရုံအုပ်ချုပ်ရေး ဥပဋ္ဌာကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လှနဲ့ မန္တလေးတိုင်းဒေသကြီး သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့က လုပ်ငန်းလွှဲပြောင်းလက်ခံခဲ့မှု အခြေအနေနဲ့ ဆက်လက်ဆောင်ရွက် သွားမယ့်အစီအစဉ်တွေကို ရှင်းလင်းတင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဇီဝိတဒါန သာသနာ့အထူးကုဆေးရုံကြီးကို ပြင်ဆင်ဖို့ အရင် အဖွဲ့လက်ထက်က အလှူငွေ သိန်း ၆၀၀ နဲ့ လက်ရှိမှာ ရရှိထားတဲ့ သိန်း ၃၀၀ စုစုပေါင်း သိန်း ၁၀၀၀ ဝန်းကျင် ရရှိထားတယ်လို့ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက MCN သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)