ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးရယူနိုင်စေဖို့ ကောင်းမွန်စွာ သင်ကြားပို့ချပေးနေသူတွေ ဖြစ်ဖို့ လိုအပ်

0
367

ပညာရေးဟာ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် လိုအပ်ချက်နဲ့အညီ ကျောင်းနေအရွယ်ကလေးတိုင်း ကောင်းမွန်စွာ သင်ယူတတ်မြောက် နိုင်ရေးအတွက် ဆရာ၊ ဆရာမတွေက ကောင်းမွန်စွာ သင်ကြားပို့ချပေးနေသူတွေဖြစ်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြား လိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာစတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှာ အခုလိုပြောကြား လိုက်တာပါ။ အဲဒီဆွေးဆွေးပွဲကို ဒီကနေ့ မနက် ၉ နာရီ က နေပြည်တော်အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းနေအရွယ် ကလေး အားလုံး ပညာရေး ရယူနိုင်စေဖို့အတွက် သင်ယူမှုအခွင့်အလမ်းတွေ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး၊ အခြေခံ ပညာကျောင်းတိုင်းမှာ ကျောင်းနေအရွယ်ကလေးတိုင်း တက်ရောက်သင်ယူနိုင်ကြပြီး ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေပျော်အောင် သင်ယူမှုဝန်းကျင်ကောင်းကို ဖန်တီးပေးကြရမှာဖြစ်တယ်လို့ ပြောကြားပါတယ်။

ဒါ့အပြင် စာမေးပွဲတွေဖြစ်တဲ့ အခြေခံပညာ စတုတ္ထတန်းနဲ့ အဋ္ဌမတန်း စာမေးပွဲဆိုင်ရာ လုပ်ငန်းတွေကို စာမေးပွဲ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ စနစ်တကျ၊ တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ပြီး အဆင့်လိုက်တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဝန်ကြီးကပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)