သမ္မတဦးထင်ကျော် ကလေးစာပေပွဲတော် တက်ရောက်ဖွင့်လှစ်ဖို့ မန္တလေးကို ရောက်ရှိ

0
278

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ မန္တလေးမြို့က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။

သမ္မတဦးထင်ကျော်ဟာ အဲဒီနောက်မှာ မန္တလေး ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်ကို ဝင်ရောက်ကြည့်ရှုပြီး ဝါဆိုဆရာတော်ဘုရားကြီးကိုလည်း ဝင်ရောက်ဖူးမျှော်ခဲ့ပါတယ်။

မွန်းလွဲ ၃ နာရီမှာတော့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်မှာ ဆရာတော်ကြီးရဲ့ သြဝါဒ ခံယူခဲ့ပြီး လက်ရှိမှာတော့ ရွှေပြည်သာ ဟိုတယ်မှာ တည်းခိုနေတာပဲ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ဟာ မနက်ဖြန် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၉ နာရီ မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (MIIT)မှာ ကျင်းပမယ့် ကလေးစာပေပွဲတော် (မန္တလေး)ကို တက်ရောက်ဖွင့်လှစ်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ ကျောက်ဆည်မြို့ကို ဝင်ရောက်ဖို့လည်း ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)