တပ်မတော်သား အပန်းဖြေရိပ်သာ မြေနေရာကို မူလပိုင်ရှင်ကို ပြန်လည် ပေးအပ်

0
277

ကချင်ပြည်နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီမှ နှစ်(၆၀)နီးပါး သိမ်းဆည်းခံခဲ့ရတဲ့ တပ်မတော်သား အပန်းဖြေရိပ်သာ (ကရိန်နော် အပန်းဖြေရိပ်သာ) မြေနေရာကို မူလပိုင်ရှင် ဒူဝါကရိန်နော်မိသားစုထံ ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

အဲဒီပေးအပ်ပွဲ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြတာပါ။ အခမ်းအနားမှာ သိမ်းဆည်းမြေတွေ ပြန်လည်စွန့်လွှတ်မြေတွေ အားလုံးကို လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ပြီးအထောက်အထားခိုင်လုံပါက သက်ဆိုင်ရာ မူလပိုင်ရှင်တွေထံ လွှဲပြောင်းအပ်နိုင်ဖို့ စိစစ်ဆောင်ရွက် ပေးလျက်ရှိတယ်လို့ ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင် က ရှင်းလင်းပြောကြားပါတယ်။

ကရိန်နော်အပန်းဖြေရိပ်သာကို စတင်အကောင်အထည်ဖော် ထည်ထောင်ထားခဲ့သူ ဒူဝါကရိန်နော်ဟာ ကချင်အမျိုးသားခေါင်းဆောင် ပါလီမန်လူမျိုးစု လွှတ်တော် အမတ်တစ်ဦးဖြစ်ခဲ့တာပါ။ အဲဒီမြေကို ၂၀၁၂ ခုနှစ်မှ စတင်ပြီး ပြန်လည်ရရှိဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို လျှောက်ထားခဲ့ရ တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၄ ခုနှစ် တပ်မတော်မှအရာရှိကြီးတွေက ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာတွေ ရပ်မိရပ်ဖတွေရှေ့မှာ မြေပေးမိန့်ကိုထုတ်ပေးထားခဲ့ပြီး လုပ်ထုံးလုပ်နည်းများတွေနဲ့အညီ အဆင့်ဆင့်စိစစ်ဆောင်ရွက်ကာ ဇန်နဝါရီလ ၂၅ ရက်ဒီနေ့မှာ မြေစာရင်းပုံစံ(၁၀၅၊၁၀၆)ကိုလွှဲပြောင်းပေး အပ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)