ညောင်လေးပင်မှာ တရားမဝင် ကျွန်းသစ်ခွဲသား အချောင်း ၈၀ တင်လာတဲ့ယာဉ် ဖမ်းမိ

0
316

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ဇန်နဝါရီ ၂၅ ရက်နေ့က တရားမဝင် ကျွန်းသစ်တွေ တင်ဆောင်လာတဲ့ ယာဉ်တစ်စီး ဖမ်းမိခဲ့ပါတယ်။

မြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးနဲ့ သစ်တောဦးစီးဌာနက ဝန်ထမ်းတွေဟာ ရဲတပ်ဖွဲ့ဝင်တွေ၊ သက်သေတွေနဲ့အတူ သတင်းအရ မြို့မ ၃ ရပ်ကွက် ဗိုလ်ချုပ်လမ်းမှာ စောင့်ဆိုင်းနေစဉ် ယာဉ်မောင် တင်မြင့်ဝင်း (၂၅ နှစ်) မောင်းလာတဲ့ Hyundai Starex အဖြူရောင် ရောက်ရှိလာတဲ့အတွက် ယာဉ်ကိုရပ်ခိုင်းပြီး စစ်ဆေးရှာဖွေရာမှာ တရားမဝင် ကျွန်းသစ်ခွဲသား ဆိုက်စုံ အချောင်း ၈၀ (၀.၉ တန်)ကို ရှာဖွေတွေ့ရှိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ သစ်တွေကို မြို့နယ်သစ်တောဦးစီးဌာနကို ရွှေ့ပြောင်းအပ်နှံထားပြီး တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ တင်မြင့်ဝင်းကိုတော့ မြို့နယ်သစ်တောဦးစီးမှူးက တရားလိုလုပ်ပြီး တိုင်တန်းခဲ့တာကြောင့် ညောင်လေးပင် မြို့မရဲစခန်းက (ပ)၂၇/၂၀၁၇ သစ်တောဥပဒေ ၄၃ န့ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ မြို့နယ် သစ်တောဦးစီးဌာနက ပြောကြားထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)