ရခိုင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကော်မတီ အစည်းအဝေး ပြုလုပ်

0
328

၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ် ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းကော်မတီ အစည်းအဝေးကို ဒီကနေ့ ညနေ (၂) နာရီက ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမမှာကျင်းပပြု လုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်မောင်က ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအနေနဲ့ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ရွေးကောက် တင်မြှောက်ဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားပါတယ်။

ဒါ့အပြင် အငြင်းပွားမှု ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးစိန်မောင်ကပြောပါတယ်။ ဒါ့အပြင်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်မှ ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်း ညှိနှိုင်းဖို့ရှိတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားပါတယ်။ အဲဒီနောက် တက်ရောက်လာတဲ့ အဖွဲ့ဝင် အသီးသီးက အကြံပြုဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)