လမ်းဖောက်ဖို့နဲ့ စာသင်ကျောင်းဆောက်ဖို့ ဂျပန်နိုင်ငံက ဒေါ်လာ လေးသိန်းနီးပါး ထောက်ပံ့မယ်

0
328

မကွေးတိုင်းဒေသကြီးအတွင်း လမ်းနှစ်လမ်း ဖောက်လုပ်ဖို့နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာသင်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ဖို့အတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ လေးသိန်းနီးပါး ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းသုံးခုကို ထောက်ပံ့ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တာကဲရှီ ဟီဂူချီက ဇန်နဝါရီ ၂၄ ရက်နေ့မှာ သဘောတူလက်မှတ်ရေးထိုးပြီး ဂျပန်သံရုံးက ထုတ်ပြန်ခဲ့တာပါ။

ဒီထောက်ပံ့မှုအစီအစဉ်ဟာ ဂျပန်အစိုးရရဲ့ အသေးစိတ်စီမံကိန်း ထောက်ပံ့ရေးအစီအစဉ်တွေထဲက တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရက ထောက်ပံ့မယ့် စီမံကိန်းသုံးခုမှာ မကွေးတိုင်းဒေသကြီးအတွင်းက အောင်လံမြို့နယ်၊ ဆတ်ဆူဝါကျေးရွာ လမ်းအဆင်မြှင့်တင်ရေး စီမံကိန်းနဲ့ အောင်လံမြို့နယ် ကရင်စမ်းကျေးရွာ လမ်းအဆင့်မြှင့် တင်ရေး စီမံကိန်းအတွက် နှစ်ခုပေါင်း ဒေါ်လာ ၂၈၀၀၀၀ နီးပါး ကုန်ကျပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပါးရိုက်အခြေခံပညာ အလယ်တန်းကျောင်းခွဲ ဆောက်လုပ်ရေးစီမံကိန်းအတွက် ဒေါ်လာ ၁၂၀၀၀၀ ကျော်ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)