အာရှကော်စမို ပိုလစ်တန်ဆုရရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ (ဟောင်း) ဦးသိန်းစိန်ကို သူ့ပါတီက ဂုဏ်ပြုပွဲလုပ်မယ်

0
341

The 3rd Asia Cosmopolitan Awards 2017 Grand Prize အာရှကော်စမို ပိုလစ်တန်ဆုကို လက်ခံရရှိခဲ့တဲ့  ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီနာယက ၊ နိုင်ငံတော်သမ္မတ (ဟောင်း) ဦးသိန်းစိန်ကို သူ့ပါတီက ဂုဏ်ပြုပွဲ အခမ်းအနား ပြုလုပ်ဖို့ရှိနေပါတယ်။

ဒီကနေ့ ဇန်န၀ါရီလ (၂၆) ရက် ညနေ (၅) ခွဲအချိန် ကြံ့ခိုင်ရေးပါတီရဲ့ ရန်ကုန်မြို့၊ ရွှေတောင်ကြားမှာရှိတဲ့ ပါတီဌာနချုပ်မှာ ကျင်းပဖို့ရှိနေတာပါ။

Economic Institute for ASEAN and East Asia (E.R.I.A) အဖွဲ့အစည်းကနေပြီး အဲ့ဒီဆုကို ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ဦးသိန်းစိန်ကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဆုကို ဦးသိန်းစိန်နဲ့အတူ ကိုနန်တက္ကသိုလ်မှ ပါမောက္ခ ဂျပန်နိုင်ငံသား Professor Masahisa Fujita က စီးပွားရေးနှင့် လူမှုသိပ္ပံဆု၊ ဥရောပကောင်စီဥက္ကဋ္ဌ ဘယ်လ်ဂျီယံနိုင်ငံသား Mr. Herman Van Rompuy က ယဉ်ကျေးမှုဆိုင်ရာဆုတွေကို အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)