ကလေးစာပေပွဲတော် ကျင်းပမယ့် MIIT ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

0
347

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ မနက်ဖြန် ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကလေးစာပေပွဲတော် ကျင်းပမယ့်နေရာဖြစ်တဲ့ မန္တလေးမြို့က မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (MIIT) ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

MIIT အဆောက်အဦးဟာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနဲ့ ငုရွှေဝါလမ်းထောင့်၊ မင်္ဂလာမန္တလေးတောင်ဖက်မှာ တည်ရှိပြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့အဖွဲ့ဟာ ဒီကနေ့ နံနက် ၁၀ နာရီခွဲမှာ သွားရောက် စစ်ဆေးကြည့်ရှုခဲ့တာပါ။

ကလေးစာပေပွဲတော် (မန္တလေး)ကို ဇန်နဝါရီ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကလေးစာပေပွဲတော်ကို ဘယ်သူမဆို လွတ်လွတ်လပ်လပ် လာရောက် လေ့လာနိုင်ပြီး ကလေးစာပေပြပွဲ၊ ကလေး ဖျော်ဖြေရေးအစီအစဉ်နဲ့ ကလေးစာအုပ်ရောင်းပွဲတော်တွေ အပါအဝင် အစီအစဉ်ပေါင်းများစွာ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)