အလုပ်သမား ကိုယ်စားလှယ်လေးဦး အလုပ်ကနေ ထုတ်ပယ်ခံရလို့ ဆန္ဒပြ

0
288

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ဒေါ်ဖွားရှင်လမ်းမှာရှိတဲ့ ရှမိန်မောနင်းမြန်မာကုမ္ပဏီ စက်ရုံဝန်ထမ်း(၃၀၀)ကျော်ဟာ အလုပ်သမား ကိုယ်စားလှယ်လေးဦးကို အလုပ်ကနေထုတ်ပယ်ခံရလို့ ဇန်နဝါရီ (၂၅) ရက်နေ့က စတင်ပြီး ဆန္ဒပြနေတာ ဖြစ်ပါတယ်။

အခုဆန္ဒပြနေတဲ့ အလုပ်သမား(၃၀၀)ကျော်ရဲ့ အလုပ်ခေါင်းဆောင်ကို လုပ်ငန်းရှင်ဘက်က အကြောင်းပြချက်မရှိဘဲ ဇန်နဝါရီ(၂၅)ရက်နေ့ မနက်ပိုင်းမှာ အလုပ်ထုတ်ခဲ့တဲ့အတွက် အခုလို ဆန္ဒပြနေတာဖြစ်ပါတယ်။

ဒီကနေ့ ညနေ(၄)နာရီမှာ တော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို လှိုင်သာယာမြို့နယ် အလုပ်သမား ညှိနှိုင်းရေးရုံးမှာ ညှိနှိုင်းဖို့ရှိနေတယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။ ရှမိန်မောနင်းမြန်မာကုမ္ပဏီစက်ရုံမှာ အမျိုးသမီးအဝတ်အထည်တွေ ထုတ်လုပ်နေတဲ့ စက်ရုံတစ်ခုလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)