အကြမ်းဖက်တိုက်ဖျက်ရေးမှာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ

0
273

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အကြမ်းဖက်တိုက်ဖျက်ရေး အစီအစဉ်တွေ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် ချာလမ်ချိုင် ဆစ်တီဆာ့တ်က ပြောကြားလိုက်ပါတယ်။

ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် ချာလမ်ချိုင် ဆစ်တီဆာ့တ်က ဦးစီးချုပ်ဟာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ၂၅ ရက်အထိ မြန်မာနိုင်ငံကို တရားဝင်လာရောက်ခဲ့တာပါ။

ခရီးစဉ်အတွင်း မြန်မာ့တပ်မတော် အရာရှိကြီးတွေ ဆွေးနွေးရာမှာ လုံခြုံရေးအတွက် ပူးပေါင်း ကင်းလှည့်ဖို့၊ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးဖို့နဲ့ ထိုင်း-မြန်မာ နယ်စပ်က သံလွင်မြစ်ရဲ့မြစ်လက်တက် Moei မြစ် တစ်လျှောက် နှစ်နိုင်ငံ ပူးပေါင်း တပ်ဖွဲ့တွေ ထားရှိဖို့ အချက်တွေ ပါဝင်တယ်လို့လည်း ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် ဦးစီးချုပ်က ပြောဆိုခဲ့ပါတယ်။

မြန်မာဘက်က ထိုင်းကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကူညီထောက်ပံ့ဖို့ အာဆီယံဆေးပညာရှင် စီမံကိန်းအတွက် ထိုင်းသမားတော်တွေ စေလွှတ်ပေးဖို့ တောင်းဆိုခဲ့သလို ထိုင်းဘက်ကလည်း မြန်မာကို နယ်စပ်က မြန်မာစစ်စခန်းတွေ မီတာ ၅၀၀ လောက် နောက်ဆုတ်ပေးဖို့နဲ့ ထိုင်းနိုင်ငံအတွင်းက ဒုက္ခသည်စခန်း ၇ ခုမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေထဲက တချို့ကို ပြန်ခေါ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)