ကာ/လုံ အစည်းအဝေးမခေါ်ဘဲ ဆုံးဖြတ်ရင် ဖြစ်လာတဲ့ ပြဿနာကို တာဝန်ယူရမယ်လို့ ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ပြော

0
325

ကာ/လုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး မခေါ်ယူဘဲ တစ်ယောက်တည်း ဆုံးဖြတ်ရင်တော့ ဖြစ်ပေါ်လာတဲ့ ပြဿနာကို တာဝန် ယူရလိမ့်မယ်လို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ အစိုးရနဲ့ လွှတ်တော် သက်တမ်းတွေမှာ ကာ/လုံအစည်းအဝေးကို လုပ်ဆောင်နိုင်ခဲ့ပြီး အဲ့ဒီ အစည်းဝေးတွေကနေ နိုင်ငံတကာစွက်ဖက်မှုတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ခဲ့သလို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း အောင်မြင် စွာကျင်းပနိုင်ရေးတွေကို ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)