အိန္ဒိယရေတပ်က စစ်ရေယာဉ် မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်လည်ပတ်

0
367

အိန္ဒိယနိုင်ငံရေတပ်ရဲ့ စစ်ရေယာဉ် Ins Kuthar ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိခဲ့ပါတယ်။

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားကို ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ပိုင်းမှာရောက်ရှိခဲ့တာဖြစ်ပြီး တပ်မတော်(ရေ)က အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူးနဲ့ တပ်မတော်(ရေ)က အရာရှိ၊ စစ်သည်တွေ ကြိုဆိုခဲ့ကြပါတယ်။

အဲဒီ အိန္ဒိယစစ်ရေယာဉ်ကို စစ်ရေယာဉ်မှူးအဖြစ် CDR Karthik Murthy က ဦးဆောင်ပြီး အရာရှိ ၁၈ ဦး၊ တခြားအဆင့် ၁၂၅ ဦး၊ စုစုပေါင်း ၁၄၃ ဦးတို့ လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယစစ်ရေယာဉ်ဟာ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ သုံးရက်ကြာနေထိုင်ပြီး လည်ပတ်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)