အာဏာရအင်အားစုကို အတိုက်အခံတွေက မထိန်းကျောင်းရင် ဒီမိုကရေစီ အာဏာရှင်စနစ် ဖြစ်သွားနိုင်တယ်လို့ သမ္မတရုံး ဝန်ကြီးဟောင်း ပြော

0
286

အတိုက်အခံ အင်အားစုက အာဏာရအင်အားစုကို ထိန်းကျောင်းမှု မရှိရင် ဒီမိုကရေစီအာဏာရှင် စနစ် ဖြစ်သွားနိုင်တယ်လို့ အရင်အစိုးရအဖွဲ့ရဲ့ သမ္မတရုံးဝန်ကြီးအငြိမ်းစားတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းက ပြောကြား လိုက်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြုလုပ်တဲ့ နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာ တော့ လက်ရှိ NLD အစိုးရအနေနဲ့ မူဝါဒတွေကို ချမှတ်တဲ့နေရာမှာ ကာ/လုံ လို့ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူကျင်းပ ဆွေးနွေးပြီးတော့မှသာ ချမှတ်သင့်ပြီး အဲ့ဒီလို ချမှတ်လိုက်တဲ့ မူဝါဒတွေကိုမှ ပေါင်းစပ် အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် အခုဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ အချက်အလက်တွေကို အစိုးရဆီတင်ပြမယ်လို့လည်း ဦးအောင်မင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)