ICJ မှာ သွားဖြေရှင်းမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲ မုံရွာမှာပြုလုပ်

0
43

Unicode Version

ICJ မှာ သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ မုံရွာမြို့မှာ NLD ပါတီနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာ ဘင်္ဂါလီတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်လို့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား အပြည်ပြည်ဆိုင်ရာ တရာရုံး ICJ မှာ စွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က OIC ရဲ့ စွဲဆိုချက်တွေကို တုန့်ပြန်ဖို့့ ICJ ကို ဦးဆောင်ပြီး သွားရောက်မှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ICJ ကို သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံတဲ့အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ခံပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဦးမြင့်ကြည် (အတွင်းရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

အခုလို မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်တယ်လို့ စွပ်စွဲချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးတည်းကသာ ဖြေရှင်း ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ချင်းတွင်း အင်စတီကျုလူမှုအဖွဲ့အစည်း တာဝန်ရှိသူက ပြောပါတယ်။

Soundbite ဦးကျော်မိုးလှိုင် (ချင်းတွင်းအင်စတီကျုလူမှုအဖွဲ့အစည်း၊ မုံရွာမြို့နယ်)

အမှိုးသားဒီမိုကရစေီအဖှဲ့ခှုပပွါတီက နိုဝငဘွာလ ၂၅ ရကနွေ့မှာ ICJ မှာ စှပစွှဲထားတဲ့အခကှနွဲ့ ပတသွကပွှီး နိုငငွံ အကှိုးစီးပှားနဲ့ သကဆွိုငတွဲ့ကိဈစဖှဈတဲ့အတှကွ နိုငငွံသားအားလုံးက တဈသားတညွး ရပတွညထွောကခွံဖို့ တိုကတွှနွးတဲ့ ကှညောခကှကွို ထုတပွှနထွားတာ ဖှဈပါတယွ ခငဗွှာ။

ICJ မှာ သှားဖှရှငြေးမယြ့ နိုငငြံတောအြတိုငပြငခြံပုဂျဂိုလြ ထောကခြံပှဲ မုံရှာမှာပှုလုပြ

Zawgyi Version

ICJ မှာ သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံပွဲ မုံရွာမြို့မှာ NLD ပါတီနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာ ဘင်္ဂါလီတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်လို့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား အပြည်ပြည်ဆိုင်ရာ တရာရုံး ICJ မှာ စွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က OIC ရဲ့ စွဲဆိုချက်တွေကို တုန့်ပြန်ဖို့ ICJ ကို ဦးဆောင်ပြီး သွားရောက်မှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ICJ ကို သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံတဲ့အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ခံပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဦးမြင့်ကြည် (အတွင်းရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

အခုလို မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်တယ်လို့ စွပ်စွဲချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးတည်းကသာ ဖြေရှင်း ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ချင်းတွင်း အင်စတီကျုလူမှုအဖွဲ့အစည်း တာဝန်ရှိသူက ပြောပါတယ်။

Soundbite ဦးကျော်မိုးလှိုင် (ချင်းတွင်းအင်စတီကျုလူမှုအဖွဲ့အစည်း၊ မုံရွာမြို့နယ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ICJ မှာ စွပ်စွဲထားတဲ့အချက်နဲ့ ပတ်သက်ပြီး နိုင်ငံ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် နိုင်ငံသားအားလုံးက တစ်သားတည်း ရပ်တည်ထောက်ခံဖို့ တိုက်တွန်းတဲ့ ကြေညာချက်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ် ခင်ဗျာ။