NLD ရဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို တိုးချဲ့ဖို့ အစီအစဉ်မရှိသေး

0
13

Unicode Version

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ (၂) ဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင် ပြန်လည်ကျန်းမာလာကာ မူလတာဝန်တွေ ယူနိုင်မယ်လို့ မျှော်လင့်ထားတာကြောင့် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ထပ်မံ တိုးချဲ့ဖို့ အစီအစဉ်မရှိကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

လက်ရှိမှာ ဒေါက်တာ ဇော်မြင့်မောင်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုသမှုခံယူနေပြီး နောက်ဆုံးပေါ် ကုသနည်း တချို့က အံ့ဩစရာရလဒ်ကောင်းတွေ ရရှိနေတယ်လို့ ဒေါက်တာ မျိုးညွန့်ကပြောပါတယ်။

သွေးကင်ဆာရောဂါ ခံစားနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ မကြာမီ ဒုတိယအကြိမ် ဆေးသွင်းမှာဖြစ်ပြီး ဆေးသွင်းပြီးပါက တိုးတက်မှုရှိလာမှာ ဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့်ကပြောပါတယ်။

Zawgyi Version