ကွန်ဒိုတွေ၊ တိုက်ခန်းတွေ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မယ့် အိမ်ရာ အရောင်းပြပွဲ ကျင်းပ

0
25

Unicode Version

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံက ကွန်ဒိုတွေ တိုက်ခန်းတွေကို တိုက်ရိုက် အရစ်ကျစနစ်၊ နှစ်ရှည်အရစ်ကျစနစ်၊ ပရိုးမိုးရှင်းတွေ ဘဏ်တွေနဲ့ ချိတ်ဆက်ဝယ်ယူနို်င်မယ့် ဆဋ္ဌမအကြိမ်မြောက် အိမ်ရာ အရောင်းပြပွဲကြီးကို နိုဝင်ဘာ ၂၄ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ နှစ်ရက်တာ ပြသရောင်းချပေးသွားမှာ ဖြစ်တယ်လို့ Myanmar Development Association(MDA) က ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့ Myanmar Development Association(MDA) က ဆဋ္ဌမအကြိမ်မြောက် အိမ်ရာအရောင်းပြပွဲ ဖွင့်ပွဲနဲ့ Benhur showroom ပြခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့တာပါ။

အဲဒီပြပွဲမှာ ကုမ္ပဏီ ပေါင်း ၁၅ ခန့်ပါဝင်ပြီး ရောင်းချမှုပုံစံကတော့ Home Loan နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး ဝယ်ယူသူတွေအနေနဲ့ အဆောက် အဦးတစ် ခုပြီးပါက ၂၅ ရာခိုင်နှုန်းကနေ သိန်း ၂၅၀ ပေးပြီး၊ ကျန်တဲ့ ၇၅၀ ကို လျောက် ထားတဲ့သူရဲ့ အသက်အရွယ် ပေါ်မူတည်ပြီးတော့ ၂၅ နှစ်အထိ မြန်မာနိုင်ငံက ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ်တွေမှာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဆဋ္ဌမ အကြိမ်မြောက် အိမ်ရာအရောင်းပြပွဲဖွင့်ပွဲနဲ့ Benhur showroom ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့တော် စည်ပင်သယာရေးကော်မတီ ဒုတိယမြို့တော်ဝန် အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ Myanmar Developer Assision ဥက္ကဋ္ဌ ဦးဝိတ်မြန်မာ နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ၊ ရွှေတောင် ကုမ္ပဏီဥက္ကဋ္ဌ ဦးအိုက်ထွန်း၊ ဧဒင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင်၊Benhur Trading ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာဦးကျော်အောင်၊ Myanmar Developer Assision ဒုတိယဥက္ကဋ္ဌ နဲ့ စည်ပင်သာယာရေး ကော်မတီဝင်တွေ တက်ရောက်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

 ကွန်ဒိုတွေ၊ တိုက်ခန်းတွေ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မယ့် အိမ်ရာ အရောင်းပြပွဲ ကျင်းပ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံက ကွန်ဒိုတွေ  တိုက်ခန်းတွေကို တိုက်ရိုက် အရစ်ကျစနစ်၊ နှစ်ရှည်အရစ်ကျစနစ်၊ ပရိုးမိုးရှင်းတွေ ဘဏ်တွေနဲ့ ချိတ်ဆက်ဝယ်ယူနိုင်မယ့်  ဆဋ္ဌမအကြိမ်မြောက် အိမ်ရာ အရောင်းပြပွဲကြီးကို နိုဝင်ဘာ ၂၄ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ နှစ်ရက်တာ ပြသရောင်းချပေးသွားမှာ ဖြစ်တယ်လို့ Myanmar Development Association(MDA) က ပြောပါတယ်။