ICJ အမှုမှာ တပ်နဲ့ အစိုးရ ပူးပေါင်းမှု အကူအညီပဲ ဖြစ်စေဖို့ မျှော်လင့်

0
75

Unicode Version

ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်အရေး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုက အကူအညီကိုပဲ ဖြစ်စေပြီး ထိခိုက်နစ်နာတာမျိုး မဖြစ်စေဖို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲဟောင်း ပရစ်ဆီလာ ကလပ် (ပ်) က ပြောပါတယ်။

အစိုးရနှစ်ရပ်လိုဖြစ်နေတဲ့ အနေအထားကနေ အခုနောက်ဆုံးမှာတော့ အတူတကွ ပေါင်းစည်းမိကြပြီး ဂမ်ဘီယာရဲ့ စွဲချက်ဟာ တကယ့်ကို အရေးကြီးတယ်ဆိုတာ သူတို့ သဘောပေါက်ကြပြီ ဖြစ်ကြောင်း၊ ဒါ အလွန်ကောင်းတဲ့ အချက်ဖြစ်ကြောင်းနဲ့ ဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ အကူအညီကိုပဲ ဖြစ်စေပြီး ထိခိုက်နစ်နာတာမျိုး မဖြစ်ဖို့ မျှော်လင့်ကြောင်း VOA သတင်းဌာနကို ပြောသွားတာ ဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုထားတဲ့ အရေးနဲ့ ပတ်သက်ပြီး တပ်မတော်က အစိုးရနဲ့ ပူးပေါင်း ဖြေရှင်းနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက MCN သတင်းဌာနကို ဖြေကြားထားပါတယ်။

Zawgyi Version