ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းက ဘိန်းခင်းတွေကို ဖျက်ဆီး

0
37

Unicode Version

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းက ဘိန်းခင်းတွေကို ဖျက်ဆီးခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ပိုင်းက ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် အတွင်းရှိ ပေါ့အင်းကျေးရွာအုပ်စု၊ လွယ်အယ်ကျေးရွာရဲ့ အနောက်မြောက်ဘက်မှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်း ၁၁ ဧကနဲ့ စင်းတောင်းကျေးရွာ အုပ်စု၊ တင်းထက်ကျေးရွာ ရဲ့ အနောက်တောင်ဘက်ရှိ ဘိန်းခင်း ၃၄ ဧက တို့ကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီမှာ ပင်လောင်းမြို့နယ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့က နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဘိန်းခင်း ၂၉၉.၅ ဧက နဲ့ ဖယ်ခုံမြို့နယ်ရှိ ဘိန်းခင်း ၁၃၉ ဧက ကို အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဖျက်ဆီးခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။

Zawgyi Version