ဂူတာပြင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တရားရုံး နဲ့ စစ်ဆေးစီရင်ခြင်း စတင်မယ်

0
28

Unicode Version

ဂူတာပြင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ ကနဦးတွေ့ရှိသူတွေအပေါ် အကျဉ်းစစ်တရားရုံးချုပ် နဲ့ ရုံးထိုင်စစ်ဆေးခြင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် နယ်မြေခံတပ်ရင်း မှာ စတင်စစ်ဆေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။

တပ်မတော်အက်ဥပဒေ (The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ (The Defence Services Rules ) နဲ့ အညီ ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry )က ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့မှာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့တဲ့ ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေးရဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်( Independent Commission of Enquiry- ICOE) နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE ရဲ့ အစီရင်ခံစာ ထွက်ရှိလာတဲ့ အချိန်မှာလည်း အစီရင်ခံစာမှာ တပ်မတော်သားတွေက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ပတ်သတ်မှုရှိပါက ဥပဒေနဲ့အညီ ဆက်လက် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးက သိရပါတယ်။

Zawgyi Version