နေရပ်ပြန်ရေးမှာ လုံးဝပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုတဲ့အပေါ် ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

0
67

Unicode Version

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ ပြစ်တင်ဝေဖန်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဘင်္ဂါလီတွေ နေရပ်ပြန်ရေးမှာ ဘင်္ဂလားဒေ့ရှ်ဟာ လုံးဝ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပြင် နှစ်နိုင်ငံ သဘောတူညီချက်ကို လေးစားမှု မရှိဘူးလို့ ပြောတဲ့အပေါ် ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့တာပါ။

မြန်မာဟာ သတင်းအမှားတွေ၊ အချက်အလက်တွေကို လွဲမှားစွာ ကောက်ယူတာတွေ၊ စွပ်စွဲချက်တွေ လုပ်နေပြီး ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေ နေရပ်ပြန်ရေးအတွက် အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ ပျက်ကွက်နေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက နေရပ်ပြန်ရေး ဖြည့်စွက်ရမယ့် ဖောင်တွေ သေချာ ဖြန့်ဝေမပေးတာ၊ မြန်မာနိုင်ငံက လက်ခံမယ်လို့ ပြောထားတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပြန်ပို့မပေးတာ၊ နေရပ်ပြန်ရေး ပူးပေါင်းဆောင်ရွက်ရမယ့်အစား နိုင်ငံတကာလှည့်ပြီး မြန်မာကို ဖိအားပေးဖို့သာ လုပ်ဆောင်နေတာတွေကို မြန်မာဘက်က အစဉ်တစိုက် ဝေဖန်မှုတွေ ရှိနေပါတယ်။

Zawgyi Version