အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးတက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တောင်ကိုရီးယားကို ရောက်ရှိ

0
24

Unicode Version

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပမယ့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ် အစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အထူးလေယာဉ်နဲ့ တောင်ကိုရီးယားကို ရောက်ရှိနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အဖွဲ့ဝင်တွေအဖြစ် ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာ အောင်သူ၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။

ဘူဆန်မြို့ကို ရောက်ရှိလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့အဖွဲ့ကို တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လီတေဟို၊ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆန်းဟွာတို့က လာရောက်ကြိုဆိုကြပြီး တည်းခိုမယ့် ဟိုတယ်မှာလည်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက ကြိုဆိုနုတ်ဆက်ခဲ့ကြပါတယ်။

Zawgyi Version