အင်ဖာ-မန္တလေး လေကြောင်းခရီးစဉ် Air KBZ စတင် ပြေးဆွဲ

0
76

Unicode Version

အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့တို့အကြား လေကြောင်းခရီးစဉ်ကို Air KBZ က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စတင်ပြေးဆွဲခဲ့ပါတယ်။

ပထမဆုံး လေကြောင်ခရီးစဉ်အဖြစ် နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အင်ဖာမြို့ရှိ ဘီ တီကင်ဒရာဂျစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Air KBZ လေယာဉ် ဆိုက်ရောက်လာပြီး ရိုးရာအစဉ်အလာအတိုင်း ရေပက်ဖြန်းကာ ကြိုဆိုခဲ့ကြပါတယ်။

Air KBZ လေကြောင်းခရီးစဉ်မှာ မြန်မာနိုင်ငံကနေ ခရီးသည် ၇၂ ဦး လိုက်ပါလာပြီး အင်ဖာကနေ အပြန်မှာ အရာရှိ ငါးဦးအပါအဝင် ခရီးသည် ၄၈ ဦး လိုက်ပါသွားတယ်လို့ ကြိုဆိုပွဲကို တက်ရောက်တဲ့ မဏိပူရပြည်နယ် ပညာရေးဝန်ကြီး ရာဒေရှယမ်က ပြောပါတယ်။

Air KBZ နဲ့ အင်ဖာအခြေစိုက် KB အင်တာပရိုက်စ် ခရီးသွားလုပ်ငန်းတို့ရဲ့ သဘောတူညီချက်အရ အင်ဖာ-မန္တလေး ခရီးစဉ်ကို တစ်ပတ် နှစ်ကြိမ် ပြေးဆွဲမှာ ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တို့ ဖြစ်ပါတယ်။

Zawgyi Version

အင်ဖာ-မန္တလေး လေကြောင်းခရီးစဉ် Air KBZ စတင် ပြေးဆွဲ

အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့တို့အကြား လေကြောင်းခရီးစဉ်ကို Air KBZ က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စတင်ပြေးဆွဲခဲ့ပါတယ်။

ပထမဆုံး လေကြောင်ခရီးစဉ်အဖြစ် နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အင်ဖာမြို့ရှိ ဘီ တီကင်ဒရာဂျစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Air KBZ လေယာဉ် ဆိုက်ရောက်လာပြီး ရိုးရာအစဉ်အလာအတိုင်း ရေပက်ဖြန်းကာ ကြိုဆိုခဲ့ကြပါတယ်။Air KBZ လေကြောင်းခရီးစဉ်မှာ မြန်မာနိုင်ငံကနေ ခရီးသည် ၇၂ ဦး လိုက်ပါလာပြီး အင်ဖာကနေ အပြန်မှာ အရာရှိ ငါးဦးအပါအဝင် ခရီးသည် ၄၈ ဦး လိုက်ပါသွားတယ်လို့ ကြိုဆိုပွဲကို တက်ရောက်တဲ့ မဏိပူရပြည်နယ် ပညာရေးဝန်ကြီး ရာဒေရှယမ်က ပြောပါတယ်။

Air KBZ နဲ့ အင်ဖာအခြေစိုက် KB အင်တာပရိုက်စ် ခရီးသွားလုပ်ငန်းတို့ရဲ့ သဘောတူညီချက်အရ အင်ဖာ-မန္တလေး ခရီးစဉ်ကို တစ်ပတ် နှစ်ကြိမ် ပြေးဆွဲမှာ ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တို့ ဖြစ်ပါတယ်။      

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)