ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ရေး တရုတ်က 1+1+2 အစီအစဉ်ကို အကြံပြု

0
97

Unicode Version

ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ရေးအတွက် မိုဘိုင်းဖုန်းကို အသုံးပြုချဉ်းကပ်မယ့် 1+1+2 အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီ ကျိမင်က အကြံပြုလိုက်ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ဒါကာမြို့ရှိ အမျိုးသားစာနယ်ဇင်း ကလပ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း တရုတ်သံအမတ်ကြီးက အကြံပြုခဲ့တာပါ။ စက်တင်ဘာလအတွင်းက ကောက်ဘဇားရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ တရုတ်သံအမတ်ကြီးရဲ့ 1+1+2 အိုင်ဒီယာကတော့ မြန်မာအစိုးရအပေါ် ဘင်္ဂါလီတွေ ယုံကြည်မှု တည်ဆောက်နိုင်ရေးကို အခြေပြုထားပါတယ်။

သူ့ရဲ့ အကြံပြုချက်ကတော့ မြန်မာပြည်ဘက်ကို ပြန်မယ့် ဘင်္ဂါလီတွေက ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ရပါမယ်။ တရုတ်နိုင်ငံက မိုဘိုင်းဖုန်း နှစ်လုံးပေးမှာဖြစ်ပြီး တစ်လုံးက မြန်မာပြည်ဘက်ကို သွားရောက် လေ့လာမယ့် ကိုယ်စားလှယ်အတွက် ဖြစ်ပါတယ်။ ကျန်တစ်လုံးက ကောက်ဘဇားမှာ ကျန်နေမယ့် မိသားစုတွေအတွက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကို သွားရောက်လေ့လာတဲ့ ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ်မှာ တွေ့မြင်ရတဲ့ အခြေအနေတွေကို ကျန်ရစ်တဲ့ မိသားစုတွေထံ ဖုန်းနဲ့ ဆက်သွယ် ပြောကြားနိုင်ပါတယ်။ အဲဒီလို အဆက်အသွယ် ပြုလုပ်ပြီးနောက် နေရပ်ပြန်သင့် မပြန်သင့် ဆုံးဖြတ်နိုင်ဖို့ဆိုတဲ့ အကြံဉာဏ်ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖြစ် လာရောက်လေ့လာမယ့် သူတွေအတွက် လုံခြုံရေးရေးကို မြန်မာအစိုးရဘက်က အပြည့်အဝ တာဝန်ယူမယ်လို့ တရုတ်သံအမတ်ကြီး လီ ကျိမင်က ပြောပါတယ်။

Zawgyi Version

ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ရေး တရုတ်က 1+1+2 အစီအစဉ်ကို အကြံပြု

ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ရေးအတွက် မိုဘိုင်းဖုန်းကို အသုံးပြုချဉ်းကပ်မယ့် 1+1+2 အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီ ကျိမင်က အကြံပြုလိုက်ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ဒါကာမြို့ရှိ အမျိုးသားစာနယ်ဇင်း ကလပ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း တရုတ်သံအမတ်ကြီးက အကြံပြုခဲ့တာပါ။ စက်တင်ဘာလအတွင်းက ကောက်ဘဇားရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ တရုတ်သံအမတ်ကြီးရဲ့ 1+1+2 အိုင်ဒီယာကတော့ မြန်မာအစိုးရအပေါ် ဘင်္ဂါလီတွေ ယုံကြည်မှု တည်ဆောက်နိုင်ရေးကို အခြေပြုထားပါတယ်။

သူ့ရဲ့ အကြံပြုချက်ကတော့ မြန်မာပြည်ဘက်ကို ပြန်မယ့် ဘင်္ဂါလီတွေက ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ရပါမယ်။ တရုတ်နိုင်ငံက မိုဘိုင်းဖုန်း နှစ်လုံးပေးမှာဖြစ်ပြီး တစ်လုံးက မြန်မာပြည်ဘက်ကို သွားရောက် လေ့လာမယ့် ကိုယ်စားလှယ်အတွက် ဖြစ်ပါတယ်။ ကျန်တစ်လုံးက ကောက်ဘဇားမှာ ကျန်နေမယ့် မိသားစုတွေအတွက် ဖြစ်ပါတယ်။မြန်မာနိုင်ငံဘက်ကို သွားရောက်လေ့လာတဲ့ ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ်မှာ တွေ့မြင်ရတဲ့ အခြေအနေတွေကို ကျန်ရစ်တဲ့ မိသားစုတွေထံ ဖုန်းနဲ့ ဆက်သွယ် ပြောကြားနိုင်ပါတယ်။

အဲဒီလို အဆက်အသွယ် ပြုလုပ်ပြီးနောက် နေရပ်ပြန်သင့် မပြန်သင့် ဆုံးဖြတ်နိုင်ဖို့ဆိုတဲ့ အကြံဉာဏ်ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖြစ် လာရောက်လေ့လာမယ့် သူတွေအတွက် လုံခြုံရေးရေးကို မြန်မာအစိုးရဘက်က အပြည့်အဝ တာဝန်ယူမယ်လို့ တရုတ်သံအမတ်ကြီး လီ ကျိမင်က ပြောပါတယ်။   

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)