စစ်ပွဲကိုဖန်တီးနေသူတွေ ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာ ကြည့်ကြဖို့ သူရဦးရွှေမန်း သတိပေး

0
342

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာ ကြည့်ကြဖို့ သူရဦးရွှေမန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

shweman

နိုဝင်ဘာလ ၂၅ ရက်နေ့ ဒီကနေ့မှာ သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာကတစ်ဆင့် အဲဒီလိုပြောဆိုလိုက်တာပါ။ အခုလိုဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် တစ်နိုင်ငံလုံး ဂုဏ်သိက္ခာကျဆင်းရပြီး သေဆုံး၊ ဒဏ်ရာရရှိသူတွေဟာ တိုင်းရင်းသားတွေပဲဖြစ်နေတာပါ။

နိုင်ငံနဲ့ နိုင်ငံသားတွေပိုင်ဆိုင်တဲ့ ပျက်စီးဆုံးရှုံးရပြီး နိုင်ငံသားတွေအနေနဲ့လည်း စိတ်မလုံမခြုံနဲ့ ဘ၀ မလုံမခြုံတွေ ဖြစ်နေ ရပါတယ်။ အခုစစ်ပွဲဖန်တီးနေသူတွေဟာ ကိုယ့်စိတ်စေတနာနဲ့ ကိုယ့်လုပ်ရပ်ကို ကိုယ်အသိဆုံးဖြစ်ပြီး အခုလိုအဖြစ်ဆိုးတွေ မဖြစ်ဖို့ လိုအပ်တယ်လို့ သူရဦးရွှေမန်းက သတိပေးပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)