စစ်ဆေးဖို့ ရပ်တန့်မပေးတဲ့ မသင်္ကာဖွယ်ကားကို ပစ်ခတ်ဖမ်းဆီး

0
305

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ဂိတ်(၄)ရှေ့ကို ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းနေတဲ့ ပါဂျဲရိုးယာဉ် သုံးစီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့တားဆီးချိန်မှာ ရပ်တန့်ပေးခြင်းမရှိတာကြောင့် ပစ်ခတ် တားဆီးမှုတွေ နိုဝင်ဘာ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ရပါတယ်။

pajero

ဒီလိုပစ်ခတ်တားဆီးခဲ့ပေမဲ့ ရပ်တန့်ပေးခြင်း မရှိဘဲ ပန်ဆိုင်းမောင်းတံဂိတ် ဘက်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီနေ့ နံနက် ၁၀ နာရီခွဲမှာ မူဆယ် ပြည်သူ့ဆေးရုံကြီးကို ယာဘက်ပခုံးကျည်ထိမှန် ဒဏ်ရာနဲ့ တက်ရောက်ဆေးကုသနေတဲ့ နမ့်ဟွယ်ကျေးရွာနေ စံအေးကို တာဝန်ရှိသူတွေက မေးမြန်းရာမှာ ကုန်သွယ်ရေးစခန်း ဂိတ်(၄)မှာ မောင်းနှင်ထွက်ပြေးသွားတဲ့ ပါဂျဲရိုး ယာဉ်မောင်းဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိတာကြောင့် လက်နက်ကိုင်တွေနဲ့ ဆက်စပ်ပတ်သက်ခြင်း ရှိမရှိ စစ်ဆေး မှုတွေ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)