မောင်တောမှာ ကျပ်သိန်း ၁၅၀၀ နီးပါး တန်ဖိုးရှိ စိတ်ကြွဆေးတွေ ဖမ်းမိ

0
356

မောင်တောမြို့နယ်မှာ ကျပ်သိန်း ၁၅၀၀ နီးပါးတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

15135960_643223489184094_5933227256936831696_n

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မောင်တောမြို့နယ်က တပ်ချောင်းအတွင်း ကင်းလှည့်စဉ်မှာ မသင်္ကာဖွယ် လှေတစ်စီးပေါ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီလှေပေါ်မှာ လူသုံးဦးကိုတွေ့ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးအချက်ပြ ခေါ်ယူရာမှာ လာရောက်ခြင်းမရှိတာကြောင့် သေနတ်နဲ့ ငါးချက်ခန့် ခြောက်လှန့်ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးရာမှာ ဓနိတောအတွင်းကို ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

လှေကိုကမ်းစပ်မှာ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး အဲဒီလှေပေါ်မှာ တိတ်အ၀ါနဲ့ပတ်ထားတဲ့ အထုပ် ခုနစ်ထုပ်အတွင်းက စိတ်ကြွဆေးပြား ခုနစ်သောင်းနီးပါး ဖမ်းဆီးမိခဲ့ရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)