မလိုအပ်တဲ့ လမ်းဘေးဖုန်းရုံတွေနဲ့ ယာဉ်ထိန်းရဲကင်းတွေကို ဖျက်သိမ်းမယ်

0
280

မလိုအပ်တဲ့လမ်းဘေးတယ်လီဖုန်းရုံတွေနဲ့ ယာဉ်ထိန်းရဲကင်းရုံတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး ရှင်းလင်းဖျက်သိမ်းသွားတော့မှာဖြစ်ပါတယ်။

telephone

ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အခုလိုပြောကြားလိုက်တာပါ။

။နိုဝင်ဘာလ ၂၂ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ်လွှတ်တော်တ တိယပုံမှန်အစည်း အဝေး(၁၇)ကြီမ်မြောက်နေ့မှာ ပန်းပဲတန်းလွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးရဲ့ ကြယ်ပွင့်ပြမေးခွန်းအပေါ်မှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

ပန်းဘဲတန်းမြို့နယ်အပါအဝင်မြို့နယ်တော်တော်များများမှာ အသုံးမပြုတော့တဲ့ လမ်းဘေး တယ်လီဖုန်းရုံဟောင်း၊ ယာဉ်ထိမ်းရဲမရှိတဲ့ အဆောက်အအုံဟောင်း၊ မီဒီယာကော်နာအဖြစ် အသုံးပြုတဲ့ အဆောက်အအုံဟောင်းတွေဟာ အခုချိန်မှာ ပျက်ဆီးယိုယွင်းနေပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)