မောင်တောမြို့နယ် မီးလင်းရေးအတွက် တစ်ရက်ကို စက်သုံးဆီ ၁၇၅ ဂါလံ ပိုမိုသုံးစွဲနေရ

0
307

မောင်တောမြို့နယ်မီးလင်းရေးအတွက် တစ်ရက်ကိုစက်သုံးဆီ ၁၇၅ ဂါလံပိုမိုသုံးစွဲနေရပါတယ်။

maungdaw-electri

မောင်တောအကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး လုံခြုံရေးအရ လျှပ်စစ်မီးပေးချိန်ကို တိုးမြှင့်ပေးနေတဲ့အတွက် အခုလို စက်သုံးဆီ သုံးစွဲမှုနှုန်းမြင့်တက်နေတာပါ။

အရင်က မောင်တောဒေသမှာ တစ်ရက်ကို ငါးနာရီသာ မီးပေးခဲ့ပေမဲ့ အာက် တိုဘာလ ၉-ရက်နေ့ကစပြီးပုံမှန်မီးပေးချိန်၅-နာရီထက် နောက်ထပ်၎-နာရီထပ်မံတိုးပေးရတဲ့အတွက် အခုလို စက် သုံးဆီသုံးစွဲမှုမြှင့်တက်နေတာဖြစ်ပါတယ်။

လျှပ်စစ်မီးဖြန့်ဝေမှုနဲ့ပတ်သက်ပြီး လာမယ့်၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း မဟာဓာတ်အားလိုင်းက လျှပ်စစ်ရယူဖို့ မျှော်မှန်းထားပြီး ပုဏ္ဏားကျွန်း၊ ရသေ့ တာင်၊ ဘူးသီးတောင်၊ မောင်တောဒေသတွေကို ၆၆ ကေဗီ ဓာတ်အားလိုင်း သွယ်တန်းမှာ ဖြစ်ပြီး ဓာတ်အားခွဲရုံ လေးရုံကိုလည်း တည်ဆောက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)