တောင်ကြီးမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ပေးရေး အခမ်းအနား ကျင်းပ

0
325

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က စိန့်ဂျိုးဇက် အောက်မေ့ဖွယ်ဓမ္မာရုံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေးရေးအခမ်းအနားကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

womenviolence2

အဲဒီအခမ်းအနားမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံတက်ရောက်ပြီး တက်ရောက်သူအများစုကတော့ အမျိုးသမီးတွေဖြစ်တယ်လို့ အခမ်းအနားကို ရောက်ရှိနေတဲ့ မမေဇာခြည်လင်းက ပြောပါတယ်။

womenviolence

“ဟုတ်ကဲ့ရှင့်။ ကျွန်မတို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ပေးရေးအတွက် အခုလို ပွဲလေးလုပ်ရတာပါ။ ဒီလိုပွဲတွေကို ကျွန်မ နိုင်ငံမှာ များများလုပ်စေချင်ပါတယ်။ ဒီလိုပွဲလေးတွေ လုပ်ခြင်းအားဖြင့် ကျွန်မတို့အမျိုးသမီးတွေအတွက် ရလာဘ်ကောင်းတစ်ခု ဖြစ်လာမှာပါ”လို့ မမေဇာခြည်လင်းက ပြောပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေးရေးအခမ်းအနားကို တစ်ရက်တည်းကျင်းပတာဖြစ်ပြီး တက်ရောက်သူ ၅၀၀ လောက်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)