Eleven စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးကို ပထမဆုံးအကြိမ် ရုံးထုတ်

0
282

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်တိုင်ကြားခံထားရတဲ့ Eleven မီဒီယာဂရုရဲ့ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဒီကနေ့ နေ့လယ် ၁ နာရီက ရုံးထုတ်ခဲ့ပါတယ်။

66d2

လက်ရှိမှာ ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ကို အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားတာဖြစ်ပြီး ဒီကနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့တာပါ။

66d3

ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာ ၉ ရက်နေ့မှာ အမှုဖွင့်တရားစွဲတာ ခံရပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ တာမွေရဲစခန်းကို သွားရောက်အဖမ်းခံခဲ့တာပါ။

အလဲဗင်းမီဒီယာရဲ့ စီအီးအိုနဲ့အယ်ဒီတာချုပ်တို့ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံရပြီးနောက်မှာ အလဲဗင်းက တခြားသူတွေအပေါ် ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့ အရင်က အမှုတွေကိုလည်း ပြန်ရုပ်သိမ်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)