လက်လွန်ပြီး အချုပ်သားသေဆုံးခဲ့တဲ့အတွက် ရဲ ခုနစ်ဦးကို ထောင်ဒဏ် ရှစ်နှစ်စီ ချမှတ်

0
290

မွန်ပြည်နယ်သထုံမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်သားချမ်းမြေ့တည်းခိုခန်းမန်နေဂျာ ကျော်သက်အောင်ကို စစ်ရေးဆေးရာမှာ သေဆုံးသွားခဲ့တဲ့ အတွက် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ရဲတပ်သား ၇-ယောက်ကို ထောင်ဒဏ်၈-နှစ်စီ ပြစ်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။

15211767_1013916192068728_1709277046_n

ပြီးခဲ့တဲ့ မတ်လ ၂-ရက်နေ့က သထုံမြို့ ဘင်လှိုင်ရပ်ကွက် ချမ်းမြေ့တည်းခိုခန်းမှာ ဖြစ်ပွားခဲ့တဲ့ငွေကျပ်၁၀ သိန်းကျော်ပျောက်ဆုံး မှုနဲ့ ပတ်သက်ပြီး စစ်ဆေးရာမှာ အခုလိုသေဆုံးသွားခဲ့တာပါ။အဲဒီသေဆုံးမှု အတွက် သထုံမြို့မရစခန်း မှူး ဒုရဲမှူးထွန်း သိန်းက တရားလိုပြုလုပ်ပြီး ရဲတပ်ဖွဲ့ဝင်၇-ဦးကို(ပ)၁၅၇/၂၀၁၆၊ပြစ်မှုဆိုင်ရာပုဒ်မ၃၀၂/ ၁၁၄ အမှုကြီး အမှတ်စဉ်(၃/၂၀၁၆)နဲ့ တရာစွဲဆိုခဲ့တာဖြစ်ပါတယ်။အဲဒီင်္အမှုနဲ့ ပတ်သက်ပြီး ရုံးချိန်းပေါင်း၃၀ အပြီးမှာ အခုလို ပြစ်ဒဏ် အသီသီးချမှတ်လိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)