
0
411





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ARSA က အဗ္ဗဒူလာ ဆိုသူသာ ပြောခွင့်ရသူ ဖြစ်တယ်လို့ ထုတ်ပြန်

အဗ္ဗဒူလာ ကလွဲလို့ ဂျာနယ်လစ်တွေနဲ့ အင်တာဗျူးဖို့ ခွင့်ပြုထားခြင်း မရှိဘူးလို့ ဒီနေ့ အောက်တိုဘာ ၂၅ ရက် နေ့စွဲနဲ့ ARSA အကြမ်းဖက် အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ARSA ကို အစစ်အမှန် ကိုယ်စားပြု၊ မပြု သင့်တော်တဲ့ စုံစမ်းစစ်ဆေးခြင်း မပြုဘဲ တချို့ ဂျာနယ်လစ်တွေက တချိန်လုံး အင်တာဗျူးနေကြတာ စိတ်ပျက်ဖွယ် တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ ကိုယ်စားမပြုသူတွေ ပြောဆိုနေကြတာနဲ့ ပတ်သက်လို့ ဘယ်စကားတစ်လုံးကိုမှ ARSA က တာဝန်ယူမှာ မဟုတ်၊ သူတို့ဟာ ARSA ကို တရားဝင် ကိုယ်စားမပြုကြဘူးလို့လည်း ရေးသားထားပါတယ်။

ပြောရေးဆိုခွင့် ရှိသူက မစ္စတာ အဗ္ဗဒူလာလို့ ဖော်ပြပေမယ့် အမည်အပြည့်အစုံနဲ့ အသေးစိတ်ကို ဖော်ပြခြင်း မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)