ဘဂၤလားေဒ့ရွ္ဘက္ ေရာက္ရွိေနသူေတြ ျပန္လည္စိစစ္လက္ခံေရး ေဆြးေႏြး

0
334

ျမန္မာဘက္ကေန ဘဂၤလားေဒ့ရွ္ဘက္ကို ေရာက္ရိွေနသူေတြ ျပန္လည္စိစစ္လက္ခံေရးနဲ႔ နွင့္ပတ္သက္၍ နွစ္ဖက္ဆက္လက္ ပူးေပါင္း  ေဆာင္ရြက္ဖို႔ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဘဂၤလားေဒ့ရွ္ ျပည္ထဲေရးဝန္ႀကီးတို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္က နိုင္ငံျခားေရးဝန္ျကီးဌာနမွာ ဘဂၤလားေဒ့ရွ္နိုင္ငံ၊ ျပည္ထဲေရးဝန္ၾကီး H.E. Mr. Asaduzzaman နဲ႔ အဖဲြ႔ကို လက္ခံေတြ႔ဆံုစဥ္ ေဆြးေႏြးခဲ့ၾကတာပါ။

အဲ့ဒီေတြ႔ဆံုမႈထဲမွာပဲ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ဘဂၤလားေဒ့ရွ္ျပည္ထဲေရး၀န္ႀကီးတို႔ဟာ ႏွစ္နိုင္ငံအၾကား ျဖစ္ေပၚေနတဲ့ နယ္စပ္ေဒသလံုျခံဳေရးနဲ႔ တရားဥပေဒစိုးမိုးေရးဆိုင္ရာ ကိစၥရပ္ေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်ဘက် ရောက်ရှိနေသူတွေ ပြန်လည်စိစစ်လက်ခံရေး ဆွေးနွေး

မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိနေသူတွေ ပြန်လည်စိစစ်လက်ခံရေးနဲ့ နှင့်ပတ်သက်၍ နှစ်ဖက်ဆက်လက် ပူးပေါင်း ဆောင်ရွက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး H.E. Mr. Asaduzzaman နဲ့ အဖွဲ့ကို လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီတွေ့ဆုံမှုထဲမှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးတို့ဟာ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)