IT သံုးစြဲမႈ ထိန္းေက်ာင္းဖို႔အဆို လႊတ္ေတာ္သေဘာတူ

0
379

IT နည္းပညာသုံးစြဲမႈကို လိုအပ္သလို ေစာင့္ၾကည့္ ထိန္းေက်ာင္းႏိုင္ေရး (Monitoring) ျပည္ေထာင္စုအစိုးရအား တိုက္တြန္းေၾကာင္း” အဆိုကို ျပည္သူ႔လႊတ္ေတာ္က လက္ခံေဆြးေႏြးဖို႔ သေဘာတူလိုက္ပါတယ္။

ေအာက္တိုဘာ ၂၅ ရက္ ျပည္သူ႔လႊတ္ေတာ္မွာ ဂန္႔ေဂါ မဲဆႏၵနယ္က ေဒၚယဥ္မင္းလႈိင္က အဆိုတင္သြင္းျပီး လႊတ္ေတာ္ကိုယ္စားလွယ္တဦးက ေထာက္ခံခဲ့ပါတယ္။ အဲဒီအဆိုကို လႊတ္ေတာ္မွာေဆြးေႏြးဖို႔ သေဘာမတူသူ မရွိတာေၾကာင့္ အဆိုနဲ႔ပတ္သက္ျပီးလႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြးဆံုးျဖတ္ၾကမွာ ျဖစ္ပါတယ္။

အဆိုတင္သူက ဆက္သြယ္ေရးဌာနရဲ႔စာရင္းေတြအရ တႏိုင္ငံလံုးမွာ မိုဘိုင္းဖုန္းသံုးသူေပါင္း ၅၄.၃၄ သန္းအထက္ ရွိေနျပီး ဖုန္းသံုးသူတိုင္းဟာလည္း ေဖ့စ္ဘြတ္သံုးၾကတယ္။ ဒီလိုသံုးရာမွာ ေကာင္းက်ိဳးရွိေအာင္ သံုးသူ ရွိသလို တိုင္းျပည္မတည္မျငိမ္ျဖစ္ေအာင္ သံုးသူေတြလည္း ရွိေနလို႔ အစိုးရက ထိန္းခ်ဳပ္ေပးဖို႔ အဆိုတင္ရတာ ျဖစ္တယ္လို႔ ေျပာသြားပါတယ္။

အဆိုကိုေထာက္ခံေဆြးေႏြးတဲ့ ကိုယ္စားလွယ္ကလည္း အာဏာဗဟိုျပဳအတ၀ါဒီေတြက ေဖ့စ္ဘြတ္ သံုးျပီး တိုင္းျပည္မတည္မျငိမ္ျဖစ္ေအာင္ လုပ္ေနတယ္လို႔ ႏွစ္ခါမက ေျပာသြားပါတယ္။
………………… ။ ။ ………………..

IT သုံးစွဲမှု ထိန်းကျောင်းဖို့အဆို လွှတ်တော်သဘောတူ
IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ထိန်းကျောင်းနိုင်ရေး (Monitoring) ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။

အောက်တိုဘာ ၂၅ ရက် ပြည်သူ့လွှတ်တော်မှာ ဂန့်ဂေါ မဲဆန္ဒနယ်က ဒေါ်ယဉ်မင်းလှိုင်က အဆိုတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်တဦးက ထောက်ခံခဲ့ပါတယ်။ အဲဒီအဆိုကို လွှတ်တော်မှာဆွေးနွေးဖို့ သဘောမတူသူ မရှိတာကြောင့် အဆိုနဲ့ပတ်သက်ပြီးလွှတ်တော်မှာ ဆက်လက်ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

အဆိုတင်သူက ဆက်သွယ်ရေးဌာနရဲ့စာရင်းတွေအရ တနိုင်ငံလုံးမှာ မိုဘိုင်းဖုန်းသုံးသူပေါင်း ၅၄.၃၄သန်းအထက် ရှိနေပြီး ဖုန်းသုံးသူတိုင်းဟာလည်း ဖေ့စ်ဘွတ်သုံးကြတယ်။ ဒီလိုသုံးရာမှာ ကောင်းကျိုးရှိအောင် သုံးသူ ရှိသလို တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် သုံးသူတွေလည်း ရှိနေလို့ အစိုးရက ထိန်းချုပ်ပေးဖို့ အဆိုတင်ရတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
အဆိုကိုထောက်ခံဆွေးနွေးတဲ့ ကိုယ်စားလှယ်ကလည်း အာဏာဗဟိုပြုအတဝါဒီတွေက ဖေ့စ်ဘွတ် သုံးပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့ နှစ်ခါမက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)