တစ္ေသာင္းတန္နဲ႔ ငါးေထာင္တန္ ေငြစကၠဴအတုေတြ ေတြ႔ရွိေၾကာင္း အစိုးရ သတင္းထုတ္ျပန္

0
693

တစ္ေသာင္းတန္နဲ႔ ငါးေထာင္တန္ ေငြစကၠဴအတုေတြ ေတြ႔ရွိေၾကာင္း အစိုးရက တရား၀င္ သတင္း ထုတ္ျပန္လိုက္ပါတယ္။

စက္တင္ဘာလ ၈ ရက္ေန႔နဲ႔ ေအာက္တိုဘာလ ၁၃ ရက္ေန႔ေတြမွာ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္နဲ႔ လမ္းမေတာ္ၿမိဳ႕နယ္ေတြက ႐ိုးမဘဏ္ခြဲေတြမွာ ေတြ႔ရွိခဲ့တာပါ။

အဲ့ဒီလို ေတြ႔ရွိခဲ့ရတဲ့ ေငြစကၠဴအတုေတြကို ဘဏ္တာ၀န္ရွိသူေတြက သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲစခန္းေတြမွာ လာေရာက္ အပ္ႏွံခဲ့တာျဖစ္ပါတယ္။ ေငြစကၠဴအတု ေတြ႔ရွိမႈေတြမွာေတာ့ တစ္ေသာင္းတန္ ေငြစကၠဴအတု (၄) ရြက္နဲ႔ ငါးေထာင္တန္ေငြစကၠဴ (၃) ရြက္တို႔ပါ၀င္ေနတာပါ။

ေငြစကၠဴအတုေတြ ပါ၀င္တဲ့ ေငြေတြကို ေပးသြင္းခဲ့သူေတြ ျဖစ္တဲ့ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ ေနသူ ဦးစိုးႏိုင္ (စိစစ္ဆဲ) နဲ႔ ရန္ကင္းၿမိဳ႕နယ္ေန ဦးေန၀င္းေအာင္တို႔ကို စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ျပည္ထဲေရး၀န္ႀကီးဌာနက ေအာက္တိုဘာလ ၂၄ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။
……………………. ။ ။ ………………………..

တစ်သောင်းတန်နဲ့ ငါးထောင်တန် ငွေစက္ကူအတုတွေ တွေ့ရှိကြောင်း အစိုးရ သတင်းထုတ်ပြန်

တစ်သောင်းတန်နဲ့ ငါးထောင်တန် ငွေစက္ကူအတုတွေ တွေ့ရှိကြောင်း အစိုးရက တရားဝင် သတင်း ထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့နဲ့ အောက်တိုဘာလ ၁၃ ရက်နေ့တွေမှာ မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ လမ်းမတော်မြို့နယ်တွေက ရိုးမဘဏ်ခွဲတွေမှာ တွေ့ရှိခဲ့တာပါ။

အဲ့ဒီလို တွေ့ရှိခဲ့ရတဲ့ ငွေစက္ကူအတုတွေကို ဘဏ်တာဝန်ရှိသူတွေက သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ လာရောက် အပ်နှံခဲ့တာဖြစ်ပါတယ်။ ငွေစက္ကူအတု တွေ့ရှိမှုတွေမှာတော့ တစ်သောင်းတန် ငွေစက္ကူအတု (၄) ရွက်နဲ့ ငါးထောင်တန်ငွေစက္ကူ (၃) ရွက်တို့ပါဝင်နေတာပါ။

ငွေစက္ကူအတုတွေ ပါဝင်တဲ့ ငွေတွေကို ပေးသွင်းခဲ့သူတွေ ဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် နေသူ ဦးစိုးနိုင် (စိစစ်ဆဲ) နဲ့ ရန်ကင်းမြို့နယ်နေ ဦးနေဝင်းအောင်တို့ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေ တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)