ရခိုင္ျပည္နယ္ အၾကမ္းဖက္မႈ ျဖစ္စဥ္မွာ က်ဆံုးတဲ့ တပ္ဖြဲ႔ဝင္မ်ားရဲ႕ မိသားစုေတြကို ေထာက္ပံ့

0
318

ရခိုင္ျပည္နယ္မွာ ၾသဂုတ္လ ၂၅ ရက္က ျဖစ္ခဲ့တဲ့ အၾကမ္းဖက္ တိုက္ခိုက္မႈေတြအတြင္း က်ဆံုးသြားတဲ့ လံုၿခံဳေရး တပ္ဖြဲ႔ဝင္ေတြရဲ႕ မိသားစုဝင္ေတြကို ဂုဏ္ျပဳေငြ ေထာက္ပံ့ေပးအပ္ခဲ့ပါတယ္။

ေဝဟင္ေအာင္ ပရဟိတအဖြဲ႔၊ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းတို႔က ေထာက္ပံ့တာျဖစ္ၿပီး ေထာက္ပံ့ေပးအပ္ပြဲကို ေအာက္တိုဘာ ၂၃ ရက္ေန႔မွာ ဘူးသီးေတာင္ၿမိဳ႕နယ္၊ လမ္းမေတာ္ေက်ာင္းတိုက္ ဓမၼာ႐ံုမွာ က်င္းပခဲ့ပါတယ္။

ဘူးသီးေတာင္ ၿမိဳ႕နယ္မွာ က်ဆံုးတဲ့ ရဲတပ္ဖြဲ႔ဝင္ ကိုးဦးရဲ႕ မိသားစုဝင္ေတြကို တစ္ဦးလွ်င္ ေငြက်ပ္ သံုးသိန္းစီ ေထာက္ပံ့ လႉဒါန္းပါတယ္။ ေဝဟင္ေအာင္ ပရဟိတ အဖြဲ႔ကလည္း ဘူးသီးေတာင္ၿမိဳ႕ အေနာက္တံခါး လူမႈကယ္ဆယ္ေရးအဖြဲ႔ (WDAB) ကို လူနာင္ယာဥ္ တစ္စီး လႉဒါန္းခဲ့ပါတယ္။
………………… ။ ။ ………………….

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်မှာ ကျဆုံးတဲ့ တပ်ဖွဲ့ဝင်များရဲ့ မိသားစုတွေကို ထောက်ပံ့
ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၅ ရက်က ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ကျဆုံးသွားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုငွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ဝေဟင်အောင် ပရဟိတအဖွဲ့၊ ဝေဠုကျော် ဖောင်ဒေးရှင်းတို့က ထောက်ပံ့တာဖြစ်ပြီး ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာ ၂၃ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်၊ လမ်းမတော်ကျောင်းတိုက် ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။
ဘူးသီးတောင် မြို့နယ်မှာ ကျဆုံးတဲ့ ရဲတပ်ဖွဲ့ဝင် ကိုးဦးရဲ့ မိသားစုဝင်တွေကို တစ်ဦးလျှင် ငွေကျပ် သုံးသိန်းစီ ထောက်ပံ့ လှူဒါန်းပါတယ်။ ဝေဟင်အောင် ပရဟိတ အဖွဲ့ကလည်း ဘူးသီးတောင်မြို့ အနောက်တံခါး လူမှုကယ်ဆယ်ရေးအဖွဲ့ (WDAB) ကို လူနာင်ယာဉ် တစ်စီး လှူဒါန်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)