UNFC တပ္ေပါင္းစု NCA လက္မွတ္ထိုးဖို႔ နီးစပ္လာ

0
335

အစိုးရနဲ႔ အပစ္မရပ္ UNFC တပ္ေပါင္းစုတို႔ ေဆြးေႏြးပြဲေအာင္ျမင္ၿပီး NCA အပစ္ရပ္စာခ်ဳပ္မွာ လက္မွတ္ထိုးဖို႔ နီးစပ္လာၿပီလို႔ ႏွစ္ဘက္တာဝန္ရွိသူေတြက မီဒီယာကို ေျပာပါတယ္။

ေအာက္တိုဘာ ၂၄ ရက္ ႏွစ္ဘက္ေဆြးေႏြးပြဲအၿပီးမွာ ထုတ္ေျပာခဲ့ၾကတာျဖစ္ၿပီး တပ္ေနရာ ခ်ထားေရးမွအပ က်န္အခ်က္မ်ား သေဘာတူညီမႈ ရၿပီလို႔ UNFC ဘက္က ေျပာပါတယ္။

UNFC ရဲ႕ ႏိုင္ငံေရးဆိုင္ရာ ေဆြးေႏြးညွိႏႈိင္းေရး ကိုယ္စားလွယ္အဖြဲ႔ (DPN) ဒုတိယ အဖြဲ႔ေခါင္းေဆာင္ ႏိုင္ေအာင္မေငးက “က်ေနာ္တုိ႔ ဒီ ၈ ခ်က္ထဲမွာေတာ့ အမ်ားဆံုးကေတာ့ ၿပီးျပတ္မႈရွိတယ္။ မၿပီးျပတ္ေသးတာက တစ္ပိုင္းတစ္စေပါ့ေနာ္။ ဥပမာဆို အမ်ားႀကီး၊ တစ္ပိုင္းတစ္စထဲမွာ နံပါတ္ ၅ ပဲ အေရးႀကီးတာေပါ့၊ သိပ္မျပတ္ေသးတာေပါ့ေနာ၊ က်န္တဲ့ဟာက က်ေနာ္တုိ႔ ၾကားထဲက အဓိပၸာယ္ သတ္မွတ္ခ်က္တို႔ စာလံုးေဖာ္ျပမႈ၊ ဒါပဲ နည္းနည္းေတာ့ အခက္အခဲ ျဖစ္ေနေသးတာေပါ့” လို႔ ေျပာပါတယ္။

လာမယ့္ ႏို၀င္ဘာ ၈ရက္မွာ ႏွစ္ဘက္ တရား၀င္ ထပ္မံေတြ႔ဆံု ေဆြးေႏြးၾကမွာျဖစ္ၿပီး အဲ့ဒီေဆြးေႏြးပြဲမွာ UNFC အေနနဲ႔ NCA မွာ လက္မွတ္ထိုး၊ မထိုး အၿပီးသတ္ ဆံုးျဖတ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ႏိုင္ေအာင္မေငးက ေျပာပါတယ္။
…………………… ။ ။ ……………………….

UNFC တပ်ပေါင်းစု NCA လက်မှတ်ထိုးဖို့ နီးစပ်လာ
အစိုးရနဲ့ အပစ်မရပ် UNFC တပ်ပေါင်းစုတို့ ဆွေးနွေးပွဲအောင်မြင်ပြီး NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ နီးစပ်လာပြီလို့ နှစ်ဘက်တာဝန်ရှိသူတွေက မီဒီယာကို ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက် နှစ်ဘက်ဆွေးနွေးပွဲအပြီးမှာ ထုတ်ပြောခဲ့ကြတာဖြစ်ပြီး တပ်နေရာ ချထားရေးမှအပ ကျန်အချက်များ သဘောတူညီမှု ရပြီလို့ UNFC ဘက်က ပြောပါတယ်။
UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက “ကျနော်တို့ ဒီ ၈ ချက်ထဲမှာတော့ အများဆုံးကတော့ ပြီးပြတ်မှုရှိတယ်။ မပြီးပြတ်သေးတာက တစ်ပိုင်းတစ်စပေါ့နော်။ ဥပမာဆို အများကြီး၊ တစ်ပိုင်းတစ်စထဲမှာ နံပါတ် ၅ ပဲ အရေးကြီးတာပေါ့၊ သိပ်မပြတ်သေးတာပေါ့နော၊ ကျန်တဲ့ဟာက ကျနော်တို့ ကြားထဲက အဓိပ္ပာယ် သတ်မှတ်ချက်တို့ စာလုံးဖော်ပြမှု၊ ဒါပဲ နည်းနည်းတော့ အခက်အခဲ ဖြစ်နေသေးတာပေါ့” လို့ ပြောပါတယ်။
လာမယ့် နိုဝင်ဘာ ၈ရက်မှာ နှစ်ဘက် တရားဝင် ထပ်မံတွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပြီး အဲ့ဒီဆွေးနွေးပွဲမှာ UNFC အနေနဲ့ NCA မှာ လက်မှတ်ထိုး၊ မထိုး အပြီးသတ် ဆုံးဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်အောင်မငေးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)