ျမန္မာ့ကမ္း႐ိုးတန္း တန္ဖိုး ကန္ေဒၚလာ ၁ ဒသမ ၈ ဘီလီယံ ရွိ

0
349

ျမန္မာႏိုင္ငံ ပင္လယ္ကမ္း႐ိုးတန္းႏွင့္ ျမစ္ဝကၽြန္းေပၚေဒသမ်ားဟာ စီးပြားေရးအရ (Ecosystem Valuation) တြက္ခ်က္မႈအေနနဲ႔ အေမရိကန္ေဒၚလာ ၁ ဒသမ ၈ ဘီလီယံ တန္ဖိုးရွိတယ္လို႔ ဒုတိယသမၼတ ဦးျမင့္ေဆြက ေျပာပါတယ္။

ေအာက္တိုဘာ ၂၃ ရက္က ေနျပည္ေတာ္မွာ လုပ္ခဲ့တဲ့ ႏိုင္ငံအဆင့္ ပင္လယ္ကမ္း႐ိုးတန္း သယံဇာတ စီမံအုပ္ခ်ဳပ္လုပ္ကိုင္မႈ ဗဟိုေကာ္မတီ တတိယအႀကိမ္ လုပ္ငန္း ညွိႏႈိင္းအစည္းအေဝးမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒီေရေတာ ေဂဟစနစ္မ်ားက ရရွိေနတဲ့ ကမ္း႐ိုးတန္းေဒသမ်ားကို အကာအကြယ္ေပးျခင္းနဲ႔ ငါးပုစြန္တို႔ ေပါက္ပြားရန္ အစားအစာနဲ႔ ေနရာေပးျခင္းစတဲ့ ေဂဟစနစ္ဝန္ေဆာင္မႈ ႏွစ္မ်ိဳးရဲ႕ စီးပြားေရးအရ တန္ဖိုးျဖစ္ပါတယ္။

ႏိုင္ငံအဆင့္ ပင္လယ္ကမ္း႐ိုးတန္း သယံဇာတ စီမံအုပ္ခ်ဳပ္လုပ္ကိုင္မႈ ဗဟိုေကာ္မတီကို ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာ ၃၀ ရက္မွာ ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ အမိန္႔ ေၾကာ္ျငာစာနဲ႔ ဖြဲ႕စည္းခဲ့တာျဖစ္ျပီး ေကာ္မတီရဲ႕ လုပ္ငန္းတာဝန္ ေျခာက္ရပ္ ခ်မွတ္ထားပါတယ္။
………………………. ။ ။ ……………………………

မြန်မာ့ကမ်းရိုးတန်း တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိ

မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများဟာ စီးပွားရေးအရ (Ecosystem Valuation) တွက်ချက်မှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိတယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီရေတော ဂေဟစနစ်များက ရရှိနေတဲ့ ကမ်းရိုးတန်းဒေသများကို အကာအကွယ်ပေးခြင်းနဲ့ ငါးပုစွန်တို့ ပေါက်ပွားရန် အစားအစာနဲ့ နေရာပေးခြင်းစတဲ့ ဂေဟစနစ်ဝန်ဆောင်မှု နှစ်မျိုးရဲ့ စီးပွားရေးအရ တန်ဖိုးဖြစ်ပါတယ်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့် ကြော်ငြာစာနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မတီရဲ့ လုပ်ငန်းတာဝန် ခြောက်ရပ် ချမှတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)