ဒုကၡသည္လက္ခံေရး အပါအဝင္ ျမန္မာ-ဘဂၤလားေဒ့ရွ္ စာခ်ဳပ္ႏွစ္ေစာင္ လက္မွတ္ထိုး

0
385

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးသြားသူေတြကို ျပန္လည္စိစစ္လက္ခံေရး အပါအဝင္ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္ ႏွစ္ေစာင္ကို ေအာက္တိုဘာ ၂၄ ရက္က လက္မွတ္ေရးထိုး သေဘာတူခဲ့ၾကပါတယ္။

လုံၿခဳံေရးက႑ ေဆြးေႏြးမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရး နားလည္မႈ စာခၽြန္လႊာကို ျပည္ထဲေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္စိုးနဲ႔ ဘဂၤလားေဒ့ရွ္ျပည္သူ႔သမၼတႏိုင္ငံ ျပည္ထဲေရးဝန္ႀကီးဌာန၊ အတြင္းဝန္ မစၥတာ မိုစတာဖာ ကမယ္ အူဒင္ တို႔က လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ဆက္ဆံေရး႐ုံးမ်ား (Border Liaison Offices) ထူေထာင္မႈဆိုင္ရာ နားလည္မႈ စာခၽြန္လႊာကို ျပည္ထဲေရး ဝန္ႀကီးဌာန၊ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕၊ ရဲဦးစီးအရာရွိခ်ဳပ္၊ ရဲမႉးခ်ဳပ္ မ်ိဳးေဆြဝင္းနဲ႔ ဘဂၤလား ေဒ့ရွ္ႏိုင္ငံနယ္ျခား ေစာင့္ရဲတပ္ဖြဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ Major General အဗၺဒူ ဟက္စိန္ တို႔က လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။

ႏွစ္ႏိုင္ငံနယ္စပ္ေဒသ တရားဥပေဒ စိုးမိုးေရးနဲ႔ လုံၿခဳံေရး ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေဆာင္႐ြက္ေရး၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး၊ နယ္စပ္ဆက္ဆံေရး႐ုံးမ်ား ထူေထာင္ဖြင့္လွစ္ျခင္း၊ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈနဲ႔ လူဝင္/လူထြက္မႈမ်ား စိစစ္ျခင္း၊ ႏိုင္ငံသား စိစစ္လက္ခံမႈမ်ား စတဲ့ က႑တို႔မွာ ပူးေပါင္းလုပ္ေဆာင္ဖို႔ ႏွစ္ႏိုင္ငံ ျပည္ထဲေရး ဝန္ႀကီးဌာန အၾကား သေဘာတူညီခ်က္ ၁၀ ခ်က္ကို အတည္ျပဳခဲ့တယ္လို႔လည္း အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။
………………………. ။ ။ …………………………

ဒုက္ခသည်လက်ခံရေး အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် စာချုပ်နှစ်စောင် လက်မှတ်ထိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံရေး အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ် နှစ်စောင်ကို အောက်တိုဘာ ၂၄ ရက်က လက်မှတ်ရေးထိုး သဘောတူခဲ့ကြပါတယ်။

လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ အတွင်းဝန် မစ္စတာ မိုစတာဖာ ကမယ် အူဒင် တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices) ထူထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ်၊ ရဲမှူးချုပ် မျိုးဆွေဝင်းနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနယ်ခြား စောင့်ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ Major General အဗ္ဗဒူ ဟက်စိန် တို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လှစ်ခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ လူဝင်/လူထွက်မှုများ စိစစ်ခြင်း၊ နိုင်ငံသား စိစစ်လက်ခံမှုများ စတဲ့ ကဏ္ဍတို့မှာ ပူးပေါင်းလုပ်ဆောင်ဖို့ နှစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန အကြား သဘောတူညီချက် ၁၀ ချက်ကို အတည်ပြုခဲ့တယ်လို့လည်း အစိုးရသတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)